လုံခြုံရေးတပ်ဖွဲ့ဝင်ကြောင့် မြို့ခံလူထု လုံခြုံမှုမရှိ
သို့- နိုင်ငံတော်သမ္မတနှင့်စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့အကြီးအကဲသိစေရန်
ဂျူလိုင်လ ၁၈ ရက် ညနေ ၃ နာရီခွဲကျော်ကျော်က လင်းခေးမြို့ (စရဖ) ရုံးမှ ဂျက်ပေါက်ဆိုသူ မောင်း လာ တဲ့ဆိုင်ကယ် ဟာ ပညာရေးဝန်ထမ်းနှစ်ဦးစီးလာတဲ့ ဆိုင်ကယ် နောက်ကနေပြီး အရှိန်ပြင်းပြင်း တိုက်မိလို့ ဝန်ထမ်းတစ်ဦးလက်ကျိုး ပြီး တစ်ဦးကတော့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ အဲဒီနေ့ ညနေ ၅ နာရီကျော်အထိ သတိမရသေးပါဘူး။
အဲဒီ ဂျက်ပေါက်ဆိုတဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် ပုဂ္ဂိုလ်ကြီးဟာ ရပ်ရွာထဲ ကျောင်းရှေ့ ဆေးရုံရှေ့ မရှောင် ကယ်စီးကြမ်းလို့ မကြာခဏ တိုက်မိ ခိုက်မိခဲ့ပါတယ်။ သို့ပေမယ့် သူ့ကို မည်သူကမျှအရေးယူနိုင်ခြင်းမရှိ ပါဘူး။ သို့ဖြစ်ပါသောကြောင့် ယခုကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ တရားဥပဒေအရ ထိရောက်စွာအရေးယူပေးနိုင်ရန်သျှမ်းသံတော်ဆင့်
မှတဆင့် တင်ပြလိုက်ရပါတယ်။
အမှန်တရားလိုချင်ကြသူများ
Tags: Letter to Editor

