၂၀၁၅ အတွက်ဘာတွေ စဉ်းစားထားပြီး ပြီလဲ
သို့- သျှမ်းသံတော်ဆင့်
အာဏာရ ပါတီ (ကြံ့/ဖွံ့) က၊ အစိုးရ လုပ်ရတာ၊ ၂နှစ်ခွဲ ဘဲရှိသေး။ နုနယ်သေးတယ် ဆက်လုပ်မယ်ပေါ့။ လူထုကတော့ စိတ် ညစ်လှပြီ။
၂၀၁၅ ရွေးကောက်ပွဲ အတွက် (ကြံ့/ ဖွံ့) က ကြိုလုပ်နေတာကြာပြီ။ သမ္မတတွေ ၀န်ကြီးချုပ်တွေ၊ ၀န်ကြီး တွေ၊ ညွှန်/ချုပ် တွေအားလုံးဟာ ဘောင်းဘီချွတ်ပြီးပုဆိုးဝတ်ထား တဲ့ လူတွေကြီးဘဲ။ လွတ်တော်ထဲ မှာလဲ သူတို့ကြီးဘဲ။ အာဏာမရပါတီ များ (သူများနိုင်ငံ မှာတော့အတိုက်အခံ လို့ခေါ်ကြတာဘဲ) ဘာတွေ စဉ်းစားထားကြသလဲ ၊ PR ဘဲလား?
အာဏာရ အစိုးရက သတင်းစာတွေထုတ်နိုင်တယ်လို့ပြောပေမဲ့၊ ရံပုံငွေက ကြံ့/ ဖွံ့ လို အချောင်မရ၊ ပုံနှိပ်ဥပဒေနဲ့ချုပ်ကိုင်၊ ဘယ်လိုမှ အာဏာရ အစိုးရလုပ်ပုံကိုမဝေဖန်ရဲ ကြ။
အာဏာရ အစိုးရဟာ ရေဒီယို၊ ရုပ်မြင်သံကြား၊ FM အားလုံးကိုမောင်ပိုင်စီးထားတယ်။ ဝါဒဖြန့်နေတာကောသိကြရဲ့လား၊ အာဏာမရ ပါတီတွေက ပြည်သူလူထုကိုတင်ပြချင်တာတွေအတွက် အချိန်တမိနစ်မတောင်းဘူးလား၊ လိုင်းထောင်ဘို့ကော စိတ်ကူးထားလား။
ည (၈) နာရီမှာ သတင်းအပြိုင်မလွှင့်ချင်ဘူးလား။ တော်ပါသေးရဲ့ ရေမြေရပ်ခြားကအကြိုးဆောင် DVB ရှိပေလို့။ လူထု ခံစားနေတာတွေကို သိခွင့်ရတာ၊ ဒီမိုကရေစီရရာရကြောင်း၊ မမောနိုင်မပမ်းနိုင်ပြောနေတဲ့ ဒီဗွီဘီ ကိုမချီးမြောက် သင့်ပေဘူး လား။ သမ္မတ ဦးသိန်းစိန်မှာ ပညာရှင်တွေ၊ အကြံပေး တွေ၊ အဖွဲ့ ပေါင်းစုံ၊ ခေါင်းပေါင်းစုံရှိတယ်။ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် ခေါင်းတစ်လုံးထဲနဲ့တော့ ကြံ့/ ဖွံ့ကို မယှဉ်နိင်ပါဘူး၊ Strategist တွေတော့လိုတာပေါ့၊ မှန်ကန်တဲ့ဝေဖန် အကြံပေးမှုကိုအမြန်ဆုံးပေးနိုင်တဲ့ဘက်ပေါင်းစုံကလူတွေပေါ့၊ အကြံပေးချင်တာတစ်ခုတော့ရှိတယ်၊ ကိုယ်ကတော့နိုဘယ်လ် နဲ့ နိုင်ငံတကာကဘွဲ့/ ဆုတွေ အများကြီးယူထားပြီး ကိုယ်ကလဲပြန်ပေးနိုင်တာဘဲ၊ အောင်ဆန်းစုကြည် ဒီမိုကရေစီရွှေတံဆိပ် ဆု Aung San Suu Kyi (Democracy Gold Medal ) ကိုတီထွင်ပြီး DVB ကိုချီးမြှင့်သင့်ပါတယ်။ နောက်ပြီး ပြည်တွင်း ပြည်ပ လူနဲ့ အဖွဲ့အစည်းတွေကိုချီးမြှင့်သင့်ပါတယ်။ ဥပမာ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ပေါ့။
ဆိုကရေးတီး
Tags: Letter to Editor

