ဥပဒေအထက်မှ အာဏာများ
သို့- သျှမ်းသံတော်ဆင့်
သျှမ်းပြည်နယ်မြောင်ပိုင်းကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအဝင်တွင်- မြေစာရင်းပုံစံ (105) ဖြင့်ဒေသခံများ ၏အမည်များနှင့်ပိုင်ဆိုင်ထားသည့် မြေနေရာအား ထောက်လှမ်းရေးများ ကြီးစိုးသောခေတ်တွင် နစခ စစ်ဆေးရေးဂိတ်အဖြစ်သိမ်းဆည်းခြင်းခံခဲ့ရပါသည်။
KDA မြင့်ဆွေမှ အလျင်အမြန်ဆောက်လုပ်နေဆဲ ဆီပမ့်ဆိုင်နှင့် အဆောက်အဦးအချို့
ယခု အစိုးရလက်ထက်တွင်အဆိုပါ နစခ ဂိတ်ကိုဖျက်သိမ်းပြီးသည့်နောက်ပိုင်း ကောင်းခါးပြည်သူ့စစ် အမည်ခံ KDA မြင့်ဆွေ ( ကယ်ရီမြင့်ဆွေ ) မှ မြေလွတ်မြေရိုင်း အဖြစ် သျှမ်းပြည်နယ်အစိုးရသို့လျှောက် ထားရာတွင် ပြည်နယ်အစိုးရလယ်ယာဝန်ကြီးမှလဲ (105) ရေးဆွဲခွင့်ထပ်မံချပေးပြန်ပါသည်။
သို့ဖြစ်၍ ယခင် ဒေသခံမူလပိုင်ရှင်များဘက်မှ မတရားသိမ်းဆည်းခံလယ်ယာနှင့်အခြားမြေများပြန် လည် ဖေါ်ထုတ်ရေး ကောင်မရှင်ထံသို့ အဆင်ဆင့်တိုင်ကြား သော်လဲ ကွင်းဆင်းဆောင်ရွက်ခြင်း မရှိသေးပေ။
(105) ရေးဆွဲခွင့်ရရှိထားသူ KDA မြင့်ဆွေ မှ- ဆီပမ့်ဆိုင်နှင့်အခြားစီးပွားရေးလုပ် ကိုင်ရန်အတွက် အဆောက်အဦးများ အလျင်အမြန်ဆောက်လုပ်နေသည် ကိုပုံပါအတိုင်းတွေ့မြင်နိုင်သည်။
KDA မြင့်ဆွေမှ အလျင်အမြန်ဆောက်လုပ်နေဆဲ ဆီပမ့်ဆိုင်နှင့် အဆောက်အဦးအချို့
သျှမ်းပြည်နယ် ၀န်ကြီးမှ ဒေသအာဏာပိုင် ခရိုင်အုပ်ချုပ်ရေးမှုး အားကွင်းဆင်း စစ်ဆေး၍တားမြှစ် မိန့်ဖြင့်ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် ညွှန်ကြားထားပါသည်။ KDA မြင့်ဆွေ မှလဲတားမြှစ်ခြင်းကို နာခံခြင်းမပြုဘဲဆက်လုက်လုပ်ကိုင်နေသည်ကိုဓါတ်ပုံပါအတိုင်းတွေ့မြင်နိုင်ပါသည်။ ၄င်းကဲ့သို့ပင် မူစယ်မြို့နယ်အတွင်း၌လဲလယ်ယာမြေများအား မတရားခြိမ်းခြောက်ဝယ်ယူ၍ ခြံခတ်၊ မြေဖို့ ၊ အိမ် အကွက်ဖေါ်နေခြင်းများအား သက်ဆိုင်ရာမှလဲမည်သို့မှ တားမြစ်ဆောင်ရွက်ခြင်းမရှိသည် ကို များစွာတွေ့မြင်နိုင်သည်။
သက်ဆိုင်ရာ သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်သော်လည်းကောင်း လယ်ယာဝန်ကြီးနှင့် သော်လည်း ကောင်း ပတ်သက်နေသူ KDA မြင့်ဆွေ မှာလိုင်စင်မဲ့ ပါ ရာဒို -ပါကျဲရိုး ကားများဖြင့် သစ်၊ ကျောက်မျက် များ ကယ်ရီသယ်နေခြင်းမှစ၍ အခြားမသမာသည့်နည်းလမ်း များဖြင့်လယ်နက်အားကိုးစီးပွား ရှာ နေ ခြင်းမှာ သမ္မတကြီးလမ်းညွှန်ထားသည့်" ဥပဒေအထက်မည်သူမျှ မရှိရ" -စကားနှင့်ဆန့်ကျင်ရာ ရောက် နေပေသည်။
သို့ဖြစ်ပါ၍ "ဥပေဒေအထက်မှအာဏာလက်ရှိ များအား"မည်သို့အရေးယူဆောင်ရွက်နိုင်ကြောင်း သမ္မတကြီးထံ သျှမ်းသံတောင်ဆင့်မှတဆင့်တင်ပြအပ်ပါသည်။
ဒေသခံတစ်ဦး
Tags: Letter to Editor

