မိုးရွာလျှင် ရေများ လမ်းမပေါ်တွင် ဖုံးလွှမ်းနေ
သို့/ ရိုသေလေးစားရပါသော သျှမ်းသံတော် အယ်ဒီတာ မှ တဆင့် စည်ပင်ဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိ လူကြီးမင်းများ သိရှိစေရန်
ကျမတို့ နေထိုင်သော သျှမ်းမြောက်၊ နမ့်ခမ်းမြို့ တွင် မိုးများ တစ်နာရီ အထက်ရွာနေပါက ရေများ လမ်းမ ပေါ်တွင် ဖုံးလွမ်းနေပြီး လမ်းများလည်းယိုယွင်းပျက်စီးနေပါပြီ၊ နမ့်ခမ်းမြို့ရှိ ပြည်ထောင်စု လမ်းမ တစ်လျှောက် လမ်းများသည် ကားလမ်းနှင့်မတူ လှည်းလမ်းလို ဖြစ်နေပြီး ချိုင့်ခွက် များလည်းဖြစ်နေပါပြီ၊ မော်တော်ဆိုင် ကယ်နှင့် ကားများအတွက် တစ်နှစ်လျှင်စည်ပင်သာယာရေးက ဘီးလိမ့်ခွန်အဖြစ် တစ်စီးလျှင် ကျပ် (၅) ထောင် ခန့် ကောက်ခံနေပြီး ကောက်ခံရရှိသည့်ငွေများကို လမ်းပြုပြင်ရေး အတွက် အသုံးပြုသင့်ကြောင်း သက်ဆိုင်ရာ လူကြီးမင်းများထံ တင်ပြတောင်းဆို အပ်ပါတယ်ရှင့်။
မြို့ခံတစ်ဦး
Tags: Letter to Editor

