လားရှိုးအတွင်းလူနာများ ဆေးရုံပြင်ပဓါတ်ခွဲခန်းတွင် အခကြေးငွေပေး၍ ကျန်းမာရေး စစ်ဆေးမှုပြုနေရ
သို့- သျှမ်းသံတော်ဆင့်
သျှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှုခံယူနေရသူ လူနာ တစ်ချို့မှာ ပြင်ပရှိ ဓါတ်ခွဲ ခန်းများသို့ အခကြေးငွေပေး၍ တီဗွီ ဓါတ်မှန်ရိုက်ခြင်းမှ အစ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နေသည် ကိုတွေ့ရ သည်။
(၁-၇-၂၀၁၃) ရက်နေ့ ည(၈းဝဝ)နာရီအချိန်ခန့်တွင် လားရှိုးဆေးရုံကြီးဂိတ်ဝသို့ ပလတ်စတစ်ထိုင်ခုံတွင် ထိုင်နေလျှက် အသက်အရွယ် ကြီး ရင့်သူ အမျိုးသားလူနာတစ်ဦး ဆေးရုံကြီးရှေ့ ဓါတ်ခွဲခန်းမှ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီးနောက် ထိုလူနာအား တက်ရောက်ကုသနေသောဖျားနာဆောင်သို့ ပြန်လည်သယ်ဆောင်သွားခဲ့သည် ။
ဆေးရုံကြီးအတွင်းလူနာက အဘယ်ကြောင့် ပြင်ပဓါတ်ခွဲခန်းတွင် ရောဂါစစ်ဆေးနေရသည်ကို သိရအောင် လူနာရှင် လူငယ် (၂)ဦး အား မေးမြန်းရာ လူနာ ဦးလော်ကျုံး (အသက်) ၅၄ နှစ် သည် လားရှိုး ဆေးရုံ ကြီးတက်နေရသည်မှာ (၄) ရက်ပြည့် မြောက်ပြီ ဖြစ် ကြောင်း၊ ယခုဆရာဝန်၊ ဆရာမ များက အဆိုပါ ပြင်ပဓါတ်ခွဲခန်းတွင် ၀မ်းဗိုက်တီဗွီ ဓါတ်မှန် ရိုက်ရန် ညွှန်ကြားလာ၍ လူနာအား အဆင်ပြေသလို မလာခြင်းဖြစ်ကြောင်းပြောဆိုပါသည်။
လူနာဦးလော်ကျုံးမှာ သိန်းနီမြို့နယ် နမ့်စလပ်ကျေးရွာမှ လာရောက်ဆေးကုသခြင်း ဖြစ်ကြောင်း ၊ ယခင်က အရက် အလွန်အကျွံ သောက်၍ ကျန်းမာရေးထိခိုက်မှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း လားရှိုးပြည်သူ့ဆေးရုံကြီး ဖျားနာဆောင် အပေါ် ထပ် ကုတင်နံပါတ် (၂၃)တွင် ဆေးကုသမှု ခံယူနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသနေသော လူနာမှာ ဆေးရုံပြင်ပ ရောဂါဓါတ်ခွဲခန်း တွင် သွားရောက် အခကြေးငွေပေး၍ ဆေးစစ်မှု ပြုနေရခြင်းအပေါ် မည်သို့ အကြောင်းကြောင့် ဖြစ်ရသည်အား နားမ လည်နိုင်ပါ၍ ရိုးသားသော ကျေးလက်ဒေသနေ ပြည်သူများ၏ ကြုံတွေ့နေရသောဘဝအခြေအနေတစ်ခုအား မြင်တွေ့ ကြားသိရပါသောကြောင့် ရေးသားဖော်ပြလိုက်သည်။
L2(LSO)
Tags: Letter to Editor

