မင်းမဲ့စရိုက်များ



သို့- သျှမ်းသံတော်ဆင့် သတင်းဌာန

စက်တင်ဘာလ၂၈ ရက် နေ့လည် ၂  နာရီခန့်က တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ရွှေတောင်တန်း ခေါ် ဟုန်ထိုက်ယန်ဝင်း ဦးယေရှဲ (လားဟူပြည်သူ့စစ်ခေါင်းဆောင်၊ ရေပူစမ်းရွာ)ပိုင် လောင်းကစား ဝိုင်းတွင် ၀င်းနိုင်ဦးစီးပြီး  လိုင်စင်ရထားသည့်အလား လုပ်ကိုင်နေကြပါသည်။

ယင်းလောင်းကစားဝိုင်းအား လူရွယ်တစ်ဦးမှ အမှတ်မထင်ဖုန်းဖြင့် ဓာတ်ပုံ/ဗွီဒီယို ရိုက်ရာ ဦးယေရှဲ၏ တပည့် များမှ အဆိုပါလူရွယ်အား ဘာကြောင့်ရိုက်ရတာလည်း၊ ဘယ်သူခိုင်းတာလည်းဟု သေနတ် ထောက် မေးမြန်း ခြင်း၊ တရားခံတစ်ဦးကဲ့သို့ ကြမ်းတမ်းစွာရိုက်နှက်မေးမြန်းခြင်းတို့ပြုလုပ်သဖြင့် နယ်ထိန်းမှ တပ်ကြပ်ကြီး အောင်စိုးမိုးမှ သွားရောက်တားမြစ်ခဲ့ပါသည်။ သို့သော်လည်း လိုက်နာခြင်းမရှိဘဲ ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန် အရေးယူ၊ အပြစ်ပေးလုပ်နေပါသည်။

၎င်းတို့ကိုယ်တိုင် လောင်းကစား၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်း ဝယ်ခြင်း၊တစ်ဖက်နိုင်ငံမှအလိုရှိ နေသည့် မူးယစ်တရားခံမှာ ယခုကဲ့သို့ ဆောင်ရွက်နေပါလျင် တရားဥပဒေစိုးမိုးမှုဆိုတာ ဘယ်လိုရှိလာ မှာလည်း ဒါကို ပြည်နယ်အစိုးရနှင့် နိုင်ငံတော်သမ္မတကြီးတို့ သိပါသလား၊ တရားဥပဒေစိုးမိုးရေးကို ရှေ့ဆက်ဘယ်လို လုပ်မှာလည်း လောင်းကစားမှုတွေတကယ်ပပျောက်အောင် ဘယ်လိုလုပ်မှာ လဲပြည်သူတစ်ယောက် အနေနဲ့ မေးပါရစေ...........

တာချီလိတ်က
ဘုန်း




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates