စစ်မှန်သောဒီမိုကရေစီ နိုင်ငံတော် ဆိုတာ…?



သို့- သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ်၊ နမ့်စန်(တ)မြို့နယ်သည် လူတန်းစေ့ မိုဘိုင်းဖုန်းကိုင်နိုင်ရန်အတွက် တန်ဖိုးနည်း မိုဘိုင်းလ် ဖုန်းချ ထားပေးမည့် အစီအစဉ်တွင်မပါဝင်ဘူးလားဟု မေးရလောက်အောင်ပင်……

ယခုအချိန်ထိ ပတ်ဝန်းကျင်မြို့ များ အကုန်ချပေးထားသော်လည်း နမ့်စန်မြို့နယ်ပါဝင်ခဲ့ခြင်းမရှိ သေးသည်ကို တွေ့ရ ပါသည်။ မူလပထမ က စီဒီအမ်အေ (800) တာဝါတိုင် မရှိခြင်းကြောင့် ချထားပေးခြင်းမရှိသည်မှာ လက်ခံနိုင်သော်လည်း တန်ဖိုးနည်း ဂျီအက်စ်အမ် 1500Ks ချထားပေးသည့် အခါတွင်မူ ပထမအသုတ်မပါလို့ နောက်တစ်သုတ် မျှော်မိပြန်ပါသည်။

ဒုတိယအသုတ် တွင်လည်းမပါ၊နောက်အသုတ်ပေါင်းများစွာတွင်လည်း မပါ ဆိုတော့ ကျနော်တို့ပြုပြင် ပြောင်း လဲခြင်းများစွာ နှင့် သွား နေသည့် ……

စစ်မှန်သောဒီမိုကရေစီ နိုင်ငံ တော်  ဆိုတာ…?

နမ့်စန်မြို့သူမြို့သားတွေအတွက် လူအခွင့်အရေးကို အပြည့်ဝခံစားခွင့် ဆိုသည်မှာ ………….?

ထိုသို့အနီးပတ်ဝန်းကျင်ရှိ မြို့နယ်တကာ တွင် ကိုင်ဆောင်လျှက်ရှိသော တန်ဖိုးနည်း ဂျီအက်စ်အမ်

မိုဘိုင်းလ်ဖုန်းဆိုသည်မှာ နမ့်စန်မြို့ တွင် တစ်သိန်းငါးသောင်းငါးထောင်နှင့် ပေးဝယ်နေရသော တန်ဖိုးများ မိုဘိုင်း(1500x100) ဖုန်းဖြစ်နေသည်ကို ပြန်လည်စိစစ်ပေးနိုင်ပါရန်နှင့်၊  နမ့်စန်မြို့နယ် မြို့သူမြို့သားများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှု (အကြီးကြီး) အပေါ်ဆန္ဒထုတ်ဖော်ပွဲ များအဆင့်ထိ မရောက်ခင် အလေးအနက်ထားဆောင်ရွက်ပေးပါရန်  သတင်းမီဒီယာမှ တဆင့် တောင်းဆိုအပ်ပါသည်။

နမ့်စန်ရပ်မိရပ်ဖတစ်ဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates