လူငယ်နှင့်အမျိုးသမီး နိုင်ငံရေးဗဟုသုတသင်တန်း ဝမ့်ဟိုင်းတွင် ဒုတိယအကြိမ်ကျင်းပ



003 0210ဒုတိယအကြိမ်မြောက် လူငယ်နှင့် အမျိုးသမီးများ နိုင်ငံရေးဗဟုသုတုသင်တန်း

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ် ဝမ့်ဟိုင်းတွင် ဒုတိယအကြိမ်မြောက် လူငယ်နှင့် အမျိုးသမီးများ နိုင်ငံရေးဗဟုသုတုသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။


သျှမ်းပြည်လူငယ်များဆက်သွယ်ပူးပေါင်း ဆောင်ရွက်ရေးအသင်း (SSYNC) က ကမကထပြုသည့် အဆိုပါသင်တန်းကို စက်တင်ဘာလ ၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ  ဖွင့်လှစ်ပို့ချပေးခဲ့ရာ သျှမ်းပြည်အလယ်ပိုင်း မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းနန်း၊ ကျေးသီး၊ မိုင်းရယ်၊ တန့်ယန်း၊ သီပေါ က လူငယ် ၈၀ ကျော်တက် ရောက်ခဲ့ပါသည်။

“ သျှမ်းပြည်လူငယ်တွေ ကိုယ့်အမျိုးသားရေးမှာ စိတ်ပါဝင်စားလာအောင်၊ နိုင်ငံရေးမှာ စိတ်ဝင်စားလာအောင် အစရှိတာတွေ သင်တန်းမှာ ပို့ချပေး ပါတယ် ”  ဟု သင်တန်းသူ နန်းကောန်ခမ်းက ပြောဆိုပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး က သင်တန်းသားလူငယ်များအား မိမိသမိုင်းအမှန် သိအောင်ကြိုး စား ရန်၊ နိုင်ငံရေး အမျိုးသားရေးကိုပါ နားလည်အောင် ကြိုးစားရန်၊  ဖြစ်ပေါ်နေသည့် လက်ရှိ အခြေအနေကို ကြည့် မြင် တတ်အောင်နှင့် လူငယ်အချင်းချင်းသာမက၊ လူငယ်နှင့် လူကြီး လက်တွဲပူးပေါင်း တတ်ကြရန် တိုက်တွန်းပြောဆိုခဲ့ပါသည်။

“ သင်တန်းပို့ချပေးတဲ့ဆရာ တွေက ကျနော်တို့ကို ဦးဆောင်ဦးရွက်လုပ်တတ်ဖို့ ၊ ရဲဝံ့ဖို့ အသိအမြင်တွေဖလှယ် ပေးတယ်။  လူမှုရေးအဖွဲ့အစုံက လာတယ်။ အမျိုးသမီးတွေရဲ့ရပိုင်ခွင့်  ၊ ဦးဆောင်ဦးရွက်တဲ့နေရာမှာ ပါဝင်လာနိုင်ဖို့နဲ့ သတင်းတွေ ယူတတ်အောင် ရေးတတ်အောင် ၊ အစီရင်ခံစာရေးတတ်အောင်၊ ရုံးလုပ်ငန်းတွေ သိတတ်အောင်နဲ့ စည်းရုံး ရေးလုပ်သန်းတွေမှာ အဖွဲ့အစည်းတွေထူထောင်တဲ့နေရာမှာ ပါဝင်လာအောင် အစရှိ အသိပညာတွေ ပြောပြ သင်ပြ ပို့ချ ပေးခဲ့ပါတယ်” ဟု သင်တန်းသား စိုင်းခမ်းကလည်းပြောပါသည်။


အဆိုပါသင်တန်းတွင် သျှမ်းပြည်တွင်း လူဦးရေ စာရင်းကောက်ယူရေးအတွက်ပါ ပို့ချပေးခဲ့ကြောင်း သင်တန်းသား စိုင်းခမ်းကပြောပါသည်။

သင်တန်းမှပို့ချပေးချက်များအား လက်တွေ့အသုံးချသွားရန်နှင့် မိမိနီးစပ်ရာများအား လက်ကမ်းပို့ချပေး သွားရန်လည်း သင်တန်းဆရာတဦးဖြစ်သည့် ဆရာစိုင်းဟင်ဆိုင်က မှာကြားကြောင်း သင်တန်းသားများ ကပြန်လည်ပြောပြသည်။

လူငယ်နှင့်အမျိုးသမီးများ နိုင်ငံရေးဆိုင်ရာ ဗဟုသုတသင်တန်းကို ယခုနှစ်မေလက တကြိမ်ကျင်းပခဲ့ပြီး ယခုတကြိမ်မှာ်မူ ဒုတိယအကြိမ် သင်တန်းဖြစ်ကြောင်း ရှေ့ဆက်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိုင်းဟင်ဆိုင်က ပြောပါသည်။ 

အဆိုပါသင်တန်းကို  ကမကထပြုသည့် သျှမ်းပြည်လူငယ်များဆက်သွယ်ပူးပေါင်း ဆောင်ရွက်ရေးအသင်း (SSYNC) မှာ ၂၀၁၂ ဒီဇင်ဘာလ၌ဖွဲ့စည်း ခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates