ဗီဒီယိုဓာတ်ပုံ ရိုက်ကူးရေးလုပ်ငန်း လိုင်စင်လုပ်ခိုင်း၍ ပြန်ကြားရေးလုပ်ငန်းအတွက် ချောဆွဲ၊ မတရားခိုင်းစေခြင်း
သို့- သျှမ်းသံတော်ဆင့်
နိုင်ငံတော်သမ္မတကြီးနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ လူကြီးမင်းများ သိစေရန် တင်ပြအပ် ပါသည်။
မြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီခရီးလျှောက်လှမ်းနေချိန် ပွင့်လင်းမြင်သာသောခေတ်တွင် လူ့အခွင့် အရေး ချိုးဖောက်နေသည့် လုပ်ရပ်တခုကို နိုင်ငံတော်သမ္မတကြီးနှင့် အများပြည်သူ သိစေ ရန် တင်ပြလိုပါသည်။
အကြောင်းမှာ တောင်ကြီးမြို့တွင် နှစ်စဉ်နှစ်တိုင်း စည်ကားစွာ ကျင်းပသော တန်ဆောင်တိုင် ပွဲတော်မှာ အများသိကြသော မီးပုံးပျံလွတ်ပွဲ−ပြိုင်ပွဲကို မြို့ပေါ်နေ ဗီဒီယိုရိုက်ကူးရေး လုပ်ကိုင်သူများ (လုပ်ငန်းလိုင် စင်ရှိသူများ)အား သျှမ်းပြည်နယ် ပြန်ကြားရေး၊ ဗီဒီယိုလုပ်ငန်း စီစစ်ကြီးကြပ်ရေးကော် မတီမှ မတရား ချောဆွဲ၍ ကိုယ်ကျိုးအတွက် ခိုင်းစေခြင်း လုပ်ရပ်များသည် စစ်အစိုးရလက်ထက် ကတည်းက ယနေ့ချိန်ထိ ရှိနေပါသည်။
မြို့ပေါ်မှ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးလုပ်ငန်းလုပ်ကိုင်သူများကို ပြန်ကြားရေးဌာန ဗီဒီယို လုပ်ငန်း စီစစ်ကြီးကြပ်ရေး ကော်မတီမှ လုပ်ငန်းလိုင်စင် လုပ်ခိုင်းပါသည်။ လုပ်ငန်းလိုင်စင်(ရိုက်ကူး ရေးလိုင် စင်)လုပ်ပြီးနောက် မည်သည့်အခွင့်ထူးများကိုမျှ မပေးပဲ ရုံးမှလိုအပ်လျှင် လိုသလို ချောဆွဲ၍ ခိုင်းစေပါသည်။
စစ်အာဏာရှင်ခေတ်တုန်းကဆိုလျှင် ကြက်ဆူစိုက်ခင်းများကို မှတ်တမ်းတင် ရိုက်ကူးရန် ချော ဆွဲပါသည်။ တခါတရံ တောင်ကြီးမြို့နှင့် ဝေးလံသောဒေသ မိုင်းပန်၊ လင်းခေး၊ ဟိုမိန်းအထိ မိမိစား ဝတ်နေရေးကို ပစ်ထားရပြီး ချောဝင်ပေးရပါသည်။ သူတို့ခိုင်းသမျှ ဗီဒီယိုရိုက်ကူးရေးလုပ်ငန်းလိုင်စင် လုပ်ထားသူများက အလှည့်ကျ သွားနေရပါသည်။
မသွားလို့လည်းမရ။ မအားလပ်၍ မသွားဖြစ်လျှင် တခြားကင်မရာမင်းကို ကျပ်ခုနှစ်သောင်းမှ တသိန်း အထိဌား၍ အစားထိုး ဝင်ပေးရပါသည်။ အချိန်နောက်ကျလျှင်လည်း ကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်း၍ ဖမ်းမည်ပြုမည်ဟု ခြိမ်းခြောက်ခံရပါသည်။
စစ်အာဏာရှင်စနစ်ပြီးသွားပြီးနောက် ယခုလို ပွင့်လင်းမြင်သာသော ဒီမိုကရေစီခေတ်ကြီး တွင်လည်း ထိုလုပ်ရပ်များ ဆက်လက်ရှင်သန်နေပါသည်။
နှစ်စဉ်နှစ်တိုင်း ကျင်းပသော မီးပုံးပျံပွဲတော်၊ မီးပုံးပျံလွတ်ပြိုင်ပွဲကို ပြန်ကြားရေးအတွက် ဟုဆိုကာ ရိုက်ကူးရန် ဗီဒီယိုရိုက်ကူးရေးလုပ်ငန်းလိုင်စင်လုပ်ထားသူများကိုသာ ချောဆွဲ၍ ခိုင်းစေပါ သည်။ ချမ်းတုန်အောင်အေးသော တန်ဆောင်တိုင် ဆောင်းညကြီးမှာ တညလုံး အချမ်းဒဏ်ခံ၍ ရိုက် ကူးပေးရပါသည်။ လုပ်ငန်းလိုင်စင် မလုပ်သည့်သူများကိုမူ ဒဏ်ပေးခြင်း၊ ချောဆွဲခြင်း မလုပ်ပါ။ ဤ သည်မှာ အံ့သြစရာကောင်းလှပါသည်။ လုပ်ငန်းလိုင်စင် မလုပ်ပဲ စီးပွားဖြစ်ရိုက်ကူးနေသူများလည်း တောင်ကြီးမြို့ပေါ်မှာ အများကြီး ရှိနေပါသည်။
တချို့မှာ လုပ်ငန်းလိုင်စင်လုပ်ရင် ချောဝင်ရမည်ဆိုတာကို သိနေသောကြောင့် မလုပ်ပဲ မျက်နှာပြောင် စီးပွားရှာနေသူများလည်း ရှိနေပါသည်။
လိုင်စင်လုပ်ထားသူများက မခံချင်၍ ပြန်ကြားရေးမှ တာဝန်ရှိသူများထံ လိုင်စင်မဲ့လုပ်ကိုင် သူများကို သွားတိုင်သောအခါ ပြန်ကြားရေးမှ ဦးစီးအရာရှိက “ငါတို့အလုပ်များနေလို့ကွ။ လုပ်ငန်း လိုင်စင်မဲ့လူတွေ ကို သွားဖမ်းဖို့ အချိန်မရှိဘူး။ ခုငါတို့ ခိုးကူးခွေတွေ တရားမဝင်ခွေတွေကို လိုက်ဖမ်း နေလို့ လိုင်စင်မဲ့ရိုက်ကူးနေသူကို မဖမ်းအားဘူး” လို့ အော်ဟောက်ပြီး ပြန်ပြောပါသည်။
ခိုးကူးခွေလိုက်ဖမ်းသည့်ဆိုရာလည်း လိမ်လည်၍ ပြောနေခြင်းပါ။ ဘာကြောင့်လည်းဆိုတော့ တောင်ကြီး မြို့မဈေး ပတ်ပတ်လည်နှင့် နေရာအနှံ့မှာ ခိုးကူးခွေတွေ တပုံကြီး ပေါ်တင်ရောင်းချနေ သော ဈေး သည်များကို မြင်တွေ့နေရပါသည်။ မြန်မာသီချင်းခွေများ၊ နိုင်ငံခြားဇာတ်လမ်းတွဲခွေများ၊ မြန်မာ့အသံ၊ မြဝတီရုပ်မြင်သံကြား၊ MRTV-4 မှ ထုတ်လွှင့်ပြသနေသော ဇာတ်လမ်းတွဲများ၊ ရုပ်မြင် သံကြား အစီ အစဉ်မှာ ဇာတ်လမ်းတောင် မပြီးဆုံးသေး၊ အပြင်မှ ခိုးကူးခွေးများက ဇာတ်သိမ်းပိုင်းအ ထိ မြန်မာ စာတမ်းထိုးပြီး ရောင်းချနေကြပါသည်။ အပြင်မှ ခိုးကူးရောင်းချနေသော ဆိုင်းများထံမှ ဇာတ်လမ်း စ−ဆုံး ဝယ်ကြည့်လို့ ရနေပါပြီ။
ထိုကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေးဦးစီးအရာရှိပြော သော ခိုးကူးခွေလိုက်ဖမ်းနေသည် ဆိုသည်မှာ အဓိပ္ပါယ်မရှိ လိမ်လည်ပြီး ပြောနေပါသည်။
အံ့သြဖို့ကောင်းသည်မှာ ထိုခိုးကူးခွေများ၊ တရားမဝင်ဇာတ်လမ်းတွဲခွေများကို စီးပွားဖြစ် လုပ်စားနေ သူများမှာ သျှမ်းပြည်နယ် ပြန်ကြားရေးနှင့် ဗီဒီယိုလုပ်ငန်းစီစစ်ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် အကြီး အကဲတစ်ဦး ကိုယ်တိုင်ဖြစ်နေပါသည်။
ခိုးကူးခွေများ ရောင်းချနေသော ဈေးသည်ကို သွားမေးကြည့်ရာ “ဒီခွေတွေ ဘယ်မှာဖောက် သည်ပေးလဲ။ လိုချင်လို့” … လို့မေးတော့ “HiFi မှာ ရတယ်လေ။ လိုချင်လား။ ဖောက်သည်လုပ်ချင် ရင် ထောက်ခံ ပေးမယ်။ သူတို့က သူစိမ်းဆိုရင် မပေးဘူး။ သိတဲ့လူမှ ဖောက်သည်ပေးတာ” … လို့ ပြောပါသည်။
HiFi ဆိုင်သည် ဗီဒီယိုကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် အကြီးအကဲဆွေးမျိုးပေါက်ဖော် တရုတ် လူမျိုး၏ ဆိုင်ဖြစ်ပါသည်။ နိုင်ငံခြားဇာတ်လမ်းတွဲခွေများ၏ ကာဗာကို ပုံနှိပ်စက်ဆိုင်တဆိုင်တွင် ပုံနှိပ် ၍ ခိုးကူးခွေဈေးနှင့် ရောင်းချနေပါသည်။
ဤအချက်များကို အကြောင်းပြု၍ ခိုးကူးခွေဖမ်းနေလို့ အလုပ်များနေသည်ဆိုခြင်းမှာ လိမ်လည်မှုတရပ် ဖြစ်ပါသည်။ မီးပုံးပျံရိုက်ကူးရေးကိစ္စမှာလည်း တန်ဆောင်တိုင်ခွေထုတ်ရောင်းဖို့ လူမျိုးခြားကုလား ကင်မရာ မင်းတစ်ဦးနှင့် ပူးပေါင်းကာ တခြားဗီဒီယိုကင်မရာမင်းများကို မတရားခိုင်း စေ(ချောဆွဲ)ပြီး လုပ်နေပါသည်။ ပိုဆိုးသည်မှာ ချောဆွဲခံရသူများကို တန်ဆောင်တိုင်ခွေမထုတ်ရ၊ ထုတ်လျှင် အရေး ယူမည်ဟု ခြိမ်းခြောက်ပါသည်။
ထို့ကြောင့် ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ဗီဒီယိုလုပ်ငန်းစီစစ်ကြီးကြပ်ရေးကော်မတီအဖွဲ့သည် လူမျိုး ခြားဖြစ်သော တရုတ်နှင့်ကုလား(ဗီဒီယိုလုပ်ငန်းလုပ်ကိုင်သူ)ကိုသာအားပေးအားမြှောက်ထားပြီး မြန်မာနိုင်ငံသား၊ တိုင်းရင်းသားဗီဒီယိုလုပ်ငန်း လိုင်စင်လုပ်ထားသူများကို မတရားခိုင်းစေ ခြင်း၊ လူ့အခွင့် အရေး ချိုးဖောက်ခြင်း လုပ်ရပ်များ လုပ်နေပါကြောင်း နိုင်ငံတော်သမ္မတကြီးနှင့် ပြန် ကြားရေးဝန်ကြီးဌာနမှ လူကြီးမင်းများ သိစေရန် ပွင့်လင်းမြင်သာစွာ တင်ပြအပ်ပါသည်။
အညတြဓာတ်ပုံဆရာများအဖွဲ့
Tags: Letter to Editor

