သို့ သျှမ်းသံတော်ဆင့် မှ တစ်ဆင့်
ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်၊ ညွှန်ကြားရေးမှူး ချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊နေပြည်တော် လောင်းကစားပြုလုပ်နေမှု အား ထိရောက်စွာအရေးယူပေးနိုင်ပါရန်
စက်တင်ဘာလ ၂၁ က ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့၊ မဟာရတ်ဆေးရုံ၌ (၉၆)ပါး ရောဂါဖြင့် ပျံလွန်တော်မူသွားသော ကျိုင်းတုံမြို့၊ စွန်တောင်းစေတီရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဉာဏဓမ္မ ၊ သက်တော် (၆၂) နှစ်၊ ဝါတော် (၄၂) ဝါ၏ ဈာပန အခမ်းအနားအား အကြောင်းပြု၍ ကျိုင်းတုံမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လောင်းကစားပြုလုပ်ရန် အတွက် လေလံတင်ခဲ့ရာ ကျိုင်းတုံမြို့၊ အမှတ် (၂) ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင် ဖြစ်သူ ဦးကျဖ ဆိုသူမှ လောင်းကစားဝိုင်းများ ထည့်သွင်းရန် ကျပ်သိန်း (၅၀၀) ဖြင့် လေလံအောင်မြင် ခဲ့ ကြောင်း၊ ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေး တွင် အဓိက အတားအဆီးတစ်ခုဟု ပညာရှင်များက ဝေဖန်ထားသည့် လောင်း ကစားလုပ်ငန်းများကို နိုင်ငံတော်သမ္မတ မှ တိုက်ဖျက်ရန် ညွှန်ကြားထား သော်လည်း ဒေသခံများနှင့် တာဝန် ရှိသူများမှ ပူးပေါင်းလုပ်ဆောင်နေသဖြင့် တာဝန်ရှိသူ အဆင့်ဆင့်အား အရေးယူပေးနိုင်ပါရန် ရေးသားပေးပို့ခဲ့ရာ လောင်းကစားဝိုင်းအား (၁) ပတ်ရပ်နားပြီး ၊ လောင်းကစားဝိုင်း ပြုလုပ်ခြင်း မရှိကြောင်း တာဝန်ရှိသူ အဆင့်ဆင့်မှဓါတ်ပုံရိုက်ကာ အထက်ဌာနဆိုင်ရာသို့ တင်ပြခဲ့ကြောင်း ရဲတပ်ဖွဲ့ ဝင်များ၏ ပြောဆိုချက် အရသိရှိရပါသည်။
တစ်ပတ်ခန့် ရပ်နားပြီး လောင်းကစားဝိုင်းများပြုလုပ်နေသည်မှာ ယနေ့တိုင်ဖြစ်ပါသည်၊ ကစားဝိုင်းပြုလုပ်နေပါသဖြင့် ကျိုင်းတုံမြို့တွင် ဆိုင်ကယ်ခိုးမှုများ၊ နေအိမ်ဖေါက်ထွင်းမှုများ နေရာ တကာ ဖြစ်ပွားနေပါသည်၊ ရဲစခန်းသို့ စုံစမ်းကြည့်ပါက သိရှိနိုင်ပါသည်၊ ခိုးမှုများ မကြာခဏ ဖြစ်ပွား နေပါသဖြင့် ကျိုင်းတုံမြို့နေပြည်သူများမှာ စိတ်ဆင်းရဲ ဒုက္ခရောက်နေရပါ သည်။ လောင်းကစား ဝိုင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတက မောင်မြင့် မှာလည်း လောင်းကစားဝိုင်းတွင် ဆက်လက် လုံခြုံရေးပေးထားပြီး ၎င်း၏ဇနီးမှာလည်း ကစားဝိုင်းတွင် အရက်၊ ဘီယာရောင်းချလျှက်ရှိပါသည်။ လောင်းကစားမှုအား လိုင်စင်ရသဖွယ် ပြောင်ပြောင် တင်းတင်းဆက်လက်လုပ်ဆောင်နေပါသဖြင့် တာဝန်ရှိသူ အဆင့်ဆင့်အား အရေးယူ ပေးနိုင်ပါရန် ဆက်လက်တင်ပြလိုက်ရပါသည်။
ကျိုင်းတုံမြို့မှ မြို့မိ/ဖတစ်ဦး
Tags: Letter to Editor

