RCSS/SSA ၏ အမှတ် ၃ စစ်ဒေသမှူး ကွယ်လွန်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ အရာရှိတဦးဖြစ်သည့် ဒုဗိုလ်မှူးကြီး ယွက်ဖှ (အသက် ၅၅ နှစ် ) သည် အသည်းကင်ဆာရောဂါဖြင့် ပြီးခဲ့သည့် တနင်္လာနေ့က ကွယ်လွန်ခဲ့ပါသည်။
နိုဝင်ဘာလ ၁၈ ရက် ည ၁၁ နာရီခွဲက ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စုရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက် သောကြာနေ့၌ ကျန်ရှိရုပ်အလောင်းအား သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။
“ သူကလူကောင်းပါ။ ရိုးသားတယ်၊ ကြိုးစားတယ်။ သျှမ်းပြည်တပ်မတော်အရာရှိကြီးတွေ နာယက ကြီးတွေလာတယ်။ မနက်ဖြန် သဂြိုဟ်မယ်။ စဝ်ပိုင်းမိဏ်းကိုယ်တိုင်ဦးဆောင်ပြီးတော့ အသုဘ အခမ်းအနား ပြင်ဆင်နေတယ်” ဟု ၎င်းနေထိုင်သည့်ရွာ အုပ်ချုပ်ရေးမှူး(ရွာသူကြီး) စဝ်ဆေလမ် ကပြောပါသည်။
MTA ပြိုကွဲလက်နက်ချပြီးနောက်ပိုင်း ၁၉၉၆ နှစ်ဦး RCSS/SSA ပြန်လည်ထူထောင်ရာတွင် ခေါင်း ဆောင်ဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် (ထိုစဉ်ဗိုလ်မှူးကြီးယွက်စစ်)နှင့်အတူ စဝ်ခေးပျူ၊ စဝ်တင်းခေး၊ စဝ်ချိုဖှ တို့နှင့်အတူအားကြိုးမာန်တက် ပါဝင်ခဲ့သည်။
ဒုဗိုလ်မှူးကြီး ယွက်ဖှသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ အမှတ် ၃ စစ်ဒေသ စစ်ဒေသမှူး ဖြစ်ပါသည်။ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းတော့ မိုင်းထားနှင့်မျက်နှာချင်းဆိုင်ရှိ RCSS/SSA ၏ အမှတ် ၃ စစ်ဒေသ လွမ်လမ်တပ်စခန်း၊ ပန်ကမ့်ကော် ပန်မိုင်ဆုံ စခန်းတို့ကို ထိန်းသိမ်းချုပ်ကိုင်ရ ပါသည်။
လက်ရှိတွင် စဝ်ယွက်ဖှသည် ဇနီးသည် နန်းမြင့်ယီနှင့် သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပါသည်။
Submit RCSS/SSA ၏ အမှတ် ၃ စစ်ဒေသမှူး ကွယ်လွန် in Delicious Submit RCSS/SSA ၏ အမှတ် ၃ စစ်ဒေသမှူး ကွယ်လွန် in Digg Submit RCSS/SSA ၏ အမှတ် ၃ စစ်ဒေသမှူး ကွယ်လွန် in FaceBook Submit RCSS/SSA ၏ အမှတ် ၃ စစ်ဒေသမှူး ကွယ်လွန် in Google Bookmarks Submit RCSS/SSA ၏ အမှတ် ၃ စစ်ဒေသမှူး ကွယ်လွန် in Stumbleupon Submit RCSS/SSA ၏ အမှတ် ၃ စစ်ဒေသမှူး ကွယ်လွန် in Technorati Submit RCSS/SSA ၏ အမှတ် ၃ စစ်ဒေသမှူး ကွယ်လွန် in Twitter
VCD news on November 2013
သတင်းများကို Email ကနေရယူဖတ်ရှုရန်အတွက် သင့် Email ထဲ့ပြီး Subscribe နှိပ်လိုက်ပါ။:
Myanmar Online Music
cover
နောက်ဆုံးသတင်း
အခြားဆိုဒ်များ
RCSS/SSA ၏ အမှတ် ၃ စစ်ဒေသမှူး ကွယ်လွန်
သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်ရေးပွင့်လင်းမြင်သာမှုရှိစေဖို့ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ကျွန်တော့် နိုင်ငံရေး လက်ဦးဆရာ စဝ်အွတ် (ကေးဆီး)
သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တတိယမူကြမ်း ၂၀၁၄ အတွင်း အပြီးရေးဆွဲမည်
SSPP ဌာနချုပ်၌ သျှမ်း(မြောက်) လူငယ် မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲကျင်းပ
www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။
www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။
Tags: General, News

