တောင်ကြီးမြို့ ခရိုင်ရဲတပ်ဖွဲ့ရုံး အနီးတွင် တတိယအကြိမ် ဗုံးတွေ့ရှိ



တောင်ကြီးမြို့ ၊ စိန်ပန်းရပ်ကွက် ၊  ခရိုင်ရဲတပ်ဖွဲ့ရုံးအနီးစံပယ်လမ်းရှိ ငြိမ်းချမ်း လူငယ်ဖွံ့ဖြိုးရေး မူဆလင် မိဘမဲ့ဂေဟာ၏မြောက်ဘက်အဝင်ပေါက်အနီးတွင် တတိယအကြိမ် လက်လုပ်ဗုံး တစ်လုံးတွေ့ရှိကြောင်းသိရသည်။

စည်ပင်ဝန်ထမ်းတစ်ဦးမှ ပလပ်စတစ်အိတ်အညိုရောင် အိတ်အတွင်းဂျာနယ်စက္ကူဖြင့်ထုတ်ထားသည့် သံ ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးဟုမသင်္ကာဖွယ်ရာတွေ့ရှိ၍ စခန်းမှုး ဉာဏ်လှိုင်ဦးထံအ ကြောင်း ကြားခဲ့ကြောင်းတာဝန်ရှိသူများထံမှသိရသည်။
altတတိယအကြိမ်မြောက် ဗုံးတွေရှိသည့်နေရာ

အဆိုပါဗုံးသည် အချင်း (၂) လက်မ ၊အရှည်(၆) လက်မခန့် ရှိပြီး သံပိုက်အဝဘေးနှစ်ဘက်တွင် သံပိုက်အဖုံး ပိတ် ယမ်းကူးစနက်တံအပြင်သို့ထုတ်ထားသော ဒေသန္တရ လက်လုပ်ဗုံး ဖြစ် ကြောင်း (၉၀၃)စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့များ၏ စီစစ်ချက်အရသိရသည်။

“ပိုက်မြင်ရင်ကို လန့်နေပြီ ၊လက်လုပ်ဗုံးဆိုတာ ဘယ်လိုရှိတယ်မမြင်ဖူးဘူး။ ဂျာနယ်တွေမှာ ရေးထားတာလေး ပဲဖတ်ရတာ စိုးရိမ်ရတာပေါ့။ ကိုယ့်မြို့မှာဒီလိုတွေတခါမှ မကြားခဲ့ဖူးဘူးလေ ”ဟု ပြည်သူတစ်ဦးမှ ပြောကြားခဲ့သည်။

“နယ်တိုင်းမှာလည်းဖြစ်နေတယ်။ ရန်ကုန်မှာလည်းဖြစ်နေတယ်။ ဆူဆူပူပူဖြစ်အောင်လုပ်တာ။  အရင်က ဗုံးတွေလိုဘဲ။ အရင်ကကိစ္စတွေနဲ့အနည်းငယ် ဆက်စပ်မှုရှိတယ် ၊အဖျက်အမှောင့်ကတော့ မျိုးစုံပါပဲ၊တကယ်တမ်းဖြစ်မယ်ဆိုရင် လူနှစ်ဆယ့်ငါးသုံးဆယ် လောက်ဒဏ်ရာရနိုင်တယ် နီးကပ်ရင်သေနိုင်တယ် ” ဟုစစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှုး အုန်းမော် မှသုံးသပ်ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှုးကြီး အောင်သူအားမေးမြန်းရာ ပြန်လည်ဖြေကြား ခြင်းမရှိပေ။ ဒီဇင်ဘာလ အတွင်းတောင်ကြီးမြို့တွင် လက်လုပ် ဗုံး တွေ့ရှိခြင်းမှာသုံးကြိမ်မြာက်ရှိပြီဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates