မြို့တော် တောင်ကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခရိုင်ရုံးရှေ့တွင် အားပြင်းသော ယမ်းထုပ်များ တွေ့ရှိ



သျှမ်းပြည် တောင်ပိုင်း မြို့တော် တောင်ကြီး၊ ကျောင်းကြီးစု ရပ်ကွက် ဂန္ဓမာလမ်းရှိ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်(NLD) ခရိုင်ရုံး ခြံစည်းရိုးဘေး တွင် ပြင်းအား များသော ယမ်းထုပ်ကြီးများ တွေ့ရှိ ခဲ့ကြောင်း သိရသည်။



ဂျန္နဝါရီလ ၂၇ ရက်မနက်ပိုင်းက NLD ရုံးအနီးတွင်နေထိုင်သူ ဒေါ်မြက အိမ်ရှေ့လှဲကျင်းရာမှအဆိုပါ အဖြူရောင်ပလပ်စတစ်အိတ်များဖြင့်ထုတ်ထားသည့် ယမ်းထုပ်၂ ထုပ် ကိုတွေ့ရှိခဲ့ရာမှ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။
001-NLD office at TGIတောင်ကြီးခရိုင် NLD ရုံး

“ကျနော်တို့ ပြည်နယ်အလုပ်အမှုဆောင် အစည်းအဝေးလုပ်နေတဲ့အချိန်မှာအဲ့ ယမ်းထုပ်တွေတွေ့တာ ပါ၊  ဒေါ်စုလာပြီးနောက်တစ်ရက်မှာဖြစ်တာဆိုတော့ လုံးဝမရိုးသားဘူးလို့ထင်တယ်” - ဟု NLD ခရိုင် ဥက္ကဌ  ဦးတင်မောင်တိုးမှ ပြောကြားခဲ့သည်။



အဆိုပါယမ်းထုပ်များကို ခရိုင်ရဲတပ်ဖွဲ့နှင့်  ၉၀၃  စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ပုဂ္ဂိုလ်များရောက် ရှိစစ်ဆေးရာ မိုင်းမဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်ဟု သိရသည်။



“အဲဒီအထုပ် ၂ ထုပ်ကို သတင်းစာစက္ကူနဲ့ထုပ်ထားတာ။  ပြင်းအားများတဲ့ယမ်းထုပ်တွေ လို့တာဝန်ရှိ ပုဂ္ဂိုလ် တွေကပြောတယ် ” - ဟု အဆိုပါရုံးမှ ပုဂ္ဂိုလ်တဦးကပြန်လည်ပြောပြသည်။



တစ်ထုပ်လျင် အလေးချိန် (၉) ကျပ်သားခန့်ရှိ မြင်းသီလာ (ARSENIC TRI SULPHIDEAS ) အထုပ် နှစ်ဆယ်၊ အလေးချိန်(၂၅) ကျပ်သားခန့်ရှိ  အဖြူရောင်ပိုတက် (CAUSTIC  POTASH ) အစရှိပေါက် ကွဲမှုဖြစ်စေသည့် ယမ်းထုပ် များဖြစ်ကြောင်း ၊ မည်သည့်ရည်ရွယ်ချက်ဖြင့်ထိုသို့ NLD ရုံးရှေ့လာရောက် ချထားသည်ကိုမူ တာဝန်ရှိသူများစောင့်ကြပ်ကြည့်ရှုစုံစမ်းနေကြောင်း တောင်ကြီးမြို့ NLD ပါတီ အသိုင်း အဝိုင်းထံမှသိရသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ သျှမ်းပြည် တောင်ပိုင်း နမ့်ဇန်၊ မိုးနဲ၊ လင်းခေး၊ တောင်ကြီးမြို့တို့တွင် ဒေသခံလူထုနှင့်တွေ့ဆုံကာ ၂၀၀၈  ဖွဲ့စည်းပုံအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ တောင်ကြီးမြို့တွင်မူ အဝေရာမီးပုံးပျံကွင်း တွင် ဟောပြောရန်အတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ခွင့်မပြုကြောင်းထုတ်ပြန်သဖြင့် ကားပေါ်တွင်စင်ထိုးကာ ဟောပြောခဲ့ရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates