တောင်ကြီး သတင်းထောက် အကြမ်းဖက်ခံရမှု တရားမျှတစွာ စီရင်ပေးရန် သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် တောင်းဆို



သျှမ်းပြည်မြို့တော် တောင်ကြီးရှိ သျှမ်းသံတော်ဆင့် သတင်းထောက် တဦးအကြမ်းဖက် ခံရသည့် အပေါ်  ငြိမ်းချမ်းသော နည်းဖြင့် တရားမျှတစွာ ဆောင်ရွက်ပေးရန် သျှမ်းသံတော် ဆင့်သတင်းဌာန Shan Herald Agency for News အယ်ဒီတာချုပ် ဦးခွန်စိုင်း က တောင်း ဆိုလိုက်ပါသည်။

001-Shan Ma Lay

-သျှမ်းသံတော်ဆင့်သတင်းထောက် ရှမ်းမလေး အကြမ်းဖက်ရိုက်နှက်ခံရသည့်ဒဏ်ရာ

“ပြစ်မှုကျူးလွန်ရင် ကျူးလွန်သည့်အလျောက် ထိုက်ဒဏ်တဲ့ စီရင်ချက် နဲ့ အရေးယူပေးသင့် တယ်။ အာဏာပိုင်တွေအနေနဲ့ တရားမျှတပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းပေးစေလို ပါတယ်၊ လုပ်နည်း လုပ်ထုံးအရ မဆိုင်းမတွ ပဲ နဲ့ပေါ့။ ဒီအချိန်က ငြိမ်းခြမ်းရေးတည်ဆောက် ချိန်၊ အသေးအမွှား ကအစ ငြိမ်းချမ်းရေကိုမထိခိုက် စေချင်ဘူး၊ သတင်းထောက်အပေါ် ကျူးလွန်တယ်ဆိုတော့ တခြား မြန်မာ့ သတင်းထောက်တွေလဲ ဒီကိစ္စအပေါ်  စောင့်ကြည့် နေမှာသေခြာတယ်  ” - ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ ချုပ် ဦးခွန်စိုင်း ကပြောသည်။



၂၀၁၄ ဂျန္နဝါရီလ ၄ ရက် ည ၈.၃၀ နာရီ အချိန် သျှမ်းသံတော်ဆင့်သတင်းထောက် ရှမ်းမလေး ခေါ် ယိင်းတိုင်း အား မူးယစ်ရမ်းကားသည့် စိုင်းပြည့်ဖြိုးထွန်းမှ ၎င်းနေထိုင်ရာ တောင်ကြီးမြို့ ကျောင်းကြီး စုရပ်အနောက်မြို့ပတ်လမ်း နေအိမ်ရှေ့တွင် မိန်းမကာယ အိနြေ္ဒပျက်ပြားအောင်၊ နာကျင် ဒဏ်ရာရ အောင် ရိုက်နှက်ကျူးလွန်ကြောင်း၊ ထိုအတွက် ကာယကံရှင် ရှမ်းမလေး မှ ပြစ်မှုကျူးလွန်သူ စိုင်းပြည့်ဖြိုးထွန်း အား ပုဒ်မ ၃၅၄၊ ၃၂၃၊ ၂၉၄ တို့ဖြင့် တောင်ကြီးမြို့ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်တမ်းထားခဲ့ပြီးဖြစ်ကြောင်း သတင်းထောက် ရှမ်းမလေးကပြောသည်။



“ ဥပဒေက ထိရောက်စွာ အရေးယူစေချင်ပါတယ် ၊ဒါဟာ အမျိုးသမီး တစ်ယောက်ကို အကြမ်းဖက် တာ ဖြစ်သလို ၊ မီဒီယာတစ်ယောက်ကိုလည်း တိုက်ခိုက်တာဖြစ်တဲ့အတွက် ထိရောက်စွာအရေးယူပေး စေ ချင်ပါတယ်။ ၄ ရက်နေ့ ဖြစ်တာ။ တရားခံကို ၆ ရက်နေ့က အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ အခုဖြစ်တာ တပတ်ကျော်နေပြီ၊  တိတိကျကျအရေးယူတာ ဘာမှလဲမရှိသေးဘူး” -  ဟု ရှမ်းမလေးကပြောသည်။



 ၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်အခြေစိုက် သတင်းသမားများက သျှမ်းပြည်နယ်ဝန်ကြီးနှင့်တကွ ပါတီ ၊အရပ်ဖက်လူ့အဖွဲ့အစည်းများထံ စာတင်ဖို့ စီစဉ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။



ဂျန္နဝါရီလ ၄ ရက်က အပြင်သို့သတင်းသွားယူပြီး အိမ်ပြန်ချိန် ညပိုင်းတွင် ရှမ်းမလေး တို့အိမ်ရှေ့၌ စိုင်းပြည့်ဖြိုးထွန်းက စောင့်ဆိုင်းနေပြီး ရှမ်းမလေးအား ရိုက်နှက်သဖြင့် ညာဘက်ပါးပေါက်ပြဲ ဒဏ်ရာ ရရှိကြောင်း၊ ရှမ်းမလေး၏ ညာဘက်လက်ကိုပါချိုးလိမ်သဖြင့်  လက်တွင်လည်း နာကျင်ဒဏ်ရာ ရရှိကြောင်း ၊ ထိုသို့ရိုက်နှက်ပြီး တရားခံကထွက်ပြေးရာ ရှမ်းမလေးကအော်ဟစ် အကူအညီတောင်း သဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ရိုက်နှက်ခံရသူ သျှမ်းသံတော်ဆင့်သတင်းထောက် ရှမ်းမလေး ခေါ် ယိင်းတိုင်းထံမှ သိရှိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates