လွှဲမှားနေမှုကို ပြန်စီစစ်ပေးစေလို
သို့ ။ သျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့် မားနဂါးဂျာနယ်တိုက် ထံသို့
ဓါတ်ပုံ 001-002- မားနဂါးဂျာနယ်
၂၀၁၄ ဖေဖော်ဝါရီလ(၁၃) ရက်နေ့တွင် ထုတ်ဝေသော တအာင်း(ပလောင်) မားနဂါးဂျာနယ် အမှတ်(၀၀၄) စာ မျက်နှာ(၆) ထိပ်ဆုံး၌ ရေးသားဖော်ပြထားသော သတင်းဆောင်းပါး ခေါင်းစဉ် “ မိုင်းဝီးရွာသားများဘိန်းရောင်း သည်ဟု မတရားစွပ်စွဲငွေညှစ်တောင်းခံရခြင်း ” ဟူသောကိစ္စမှာ သတင်းရေးသားပို့ရာတွင် အချက်အလက်များ လွှဲမှားနေကြောင်းပြန်လည်စိစစ်လိုပါသည်။ ထို့ပြင်နေ့ရက်ထည့်ထားရာမှာလည်း မှားယွင်းနေပါသည်။
မားနဂါးဂျာနယ် |
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု ရှိ မိုင်းဝီးလူငယ်ပြုပြင်ရေးအဖွဲ့သည် ၂၀၁၂ နိုဝင် ဘာလ(၁၄)ရက်နေ့တွင် ရွာလုံးကျွတ်အစည်းအဝေးထိုင်ပြီး ရပ်ရွာလူကြီးမိဘ ၊ဌာနဆိုင်ရာများ သဘောတူညီ ချက်ရရှိကာ တိုင်းရင်းသားပေါင်းစုံများပါဝင်သော အဖွဲ့ဝင် (၉၃) ဦး တို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားခဲ့ပါသည်။ လူငယ်ပြုပြင်ရေးနှင့်ရပ်မိရပ်ဖများ၏ အစည်းအဝေးဆုံးဖြတ်အရ (၁) ပထမအကြိမ် မူးယစ်ဆေးဝါးများလက် ၀ယ်ဖမ်းဆီးရမိပါက ပြုပြင်ဆုံးမ ဒဏ်ငွေပေးပြီးပြန်လွတ်ရန် (၂) ဒုတိယအကြိမ် ထပ်မံဖမ်းဆီးရမိပါက သက် ဆိုင်ရာရဲဌာနကိုလွဲအပ်ပြီး တရားဥပဒေအရ အရေးယူရန် ဟု ရေးဆွဲအတည်ပြုထားပါသည်။ ဤစာကို နမ့်ခမ်း မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အသီးသီးအပြင် မိုင်းဝီးကျေးရွာရှိဌာနဆိုင်ရာများ နှင့် တိုင်းရင်း စာပေယဉ် ကျေးမှုရုံး အသီးသီးလည်း သိရှိနေမည်ဖြစ်သည်။
မားနဂါးဂျာနယ် |
ထို့ပြင် ကျနော်တို့ လူငယ်ပြုပြင်ရေးအဖွဲ့အစည်း သည်သက်တမ်း နှစ် နှစ်ကာလမှာ မူးယစ်ဆေးဝါးကို အတော် အတန်ဖမ်းဆီးနှိမ်နင်း နိုင်ခဲ့၍ ရပ်ရွာမှာ ခဏတဖြုတ်မူးယစ်ဆေးအန္တရာယ်ငြိမ်သွားပါသည်။
သို့သော်လည်း မားနဂါးဂျာနယ်ထုတ် မိုင်းဝီးသတင်းနှင့်ပတ်သက်ပြီး သတင်းအမှန်ဖြစ်စဉ်မှာ -
၂၀၁၃ ခုနှစ် နိုဝင် ဘာ (၁၂) ရက်နေ့ ည ၇:၃၀ နာရီတွင် မိုင်းဝီးလူငယ်ပြုပြင်ရေးသည် ရပ်ကွက်အတွင်း သူခိုးနှင့်မူးယစ်ဆေးဝါး ပေါများနေသည်ကို လျှော့ချနိုင်စေရန်နှင့် မိမိရပ်ရွာလုံခြုံမှုရှိစေရန် ညအချိန်ကင်းလှည့်လည်ကြပါသည်။ ထိုအ ခါ ကျနော်တို့အဖွဲ့သည် မိုင်းဝီးရွာ ဈေးဟောင်းရပ်ကွက် ၃ – (ခ)- ငင်းစီး တရုတ်ရပ်ကွက်၌ ဘိန်းသုံးစွဲသူ ကိုနိုင်တဲ့ အသက်(၂၀)နှစ် နေရပ် မန့်ဆာပိန်းခမ်း နှင့်ထိပ်တိုက်ဆုံမိသဖြင့် ၄င်း၏လွယ်အိတ်အတွင်းကြည့် သည့်အခါ ဘိန်းဖြူ ပင်နစီလင်ပုလင်းတစ်ဝက်ခန့်တွေ့ရပါသည်။
ထို့ကြောင့် ၄င်းကိုခေါ်ယူ မေးမြန်းသောအခါ ပိန်းခမ်းရပ်ကွက်နေ မိုင်းထွန်းအောင် ထံမှ ၀ယ်ယူရရှိကြောင်းပြော ပါသည်။ ထို့သို့ဖြင့် လူငယ်ပြုပြင်ရေးအဖွဲ့သည် မိုင်းထွန်းအောင် နေအိမ်ကို မသင်္ကာ ၍ သွားရောက်ရှာဖွေစစ် ဆေးရာ ဘိန်းမဲ (ဘိန်းစိမ်း) ထုပ် အလေးချိန် (၂၅)ကျပ်သား ခန့်ရှိသော ပလပ်စတစ်အိတ်မဲဖြင့် ထည့်ပြီး ထင်း ပုံထဲတွင် ပိန်းခမ်း ရာအိမ်မှူး ဦးအိုက်ညာ (ခ) မောင်ထွန်း နှင့် အိမ်နီးချင်း ဦးလှဝွမ် ရှေ့မှောက်တို့တွင် ရှာဖွေ တွေ့ရှိရသည်။
ထို့ကြောင့် ၄င်း မိုင်းထွန်းအောင် ကို မိုင်းဝီးပြည်သူ့စစ်ဂိတ် စခန်း တွင်ထိန်းသိမ်းထားလိုက်ပါသည်။ အဘယ် ကြောင့်ရဲစခန်းကို မပို့ပဲ ပြည်သူ့စစ်ဂိတ်စခန်းကို ပို့ထားရခြင်းမှာ အစည်းအဝေးဆုံးဖြတ်အတိုင်း ပြုပြင်ဆုံးမပြီး ဒါဏ်ငွေနှင့်ပြီးစေရန်ဆိုထားသည့်ပြင် ဌာနဆိုင်ရာများ၏မေတ္တာရပ်ခံချက်ကြောင့် အထက်ကိုမပို့တော့ပဲ ကျေး ရွာ၏စည်းမျဉ်းစည်းကမ်းများနှင့်ကြေအေးပေးခဲ့ရသည်။ ၄င်းအမှုကိစ္စကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ (၁၄) ရက်နေ့ တွင် ပြည့်သူ့စစ်ဂိတ်၌ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များရှေ့မှောက် မှာပဲ ဒဏ်ငွေ (၆)သိန်း နှင့်တောင်း ပန်လျက် အာမခံချက်ဖြင့်ပြန်လည်လွှတ်ပေးလိုက်သည်။ သို့သော်လည်း ၄င်းသည် ယခုအအချိန်အထိ မူးယစ် ဆေးဝါးရောင်းဝယ်ခြင်းအလုပ်ကို ထပ်မံလုပ်ကိုင်နေကြောင်း သတင်းရရှိထားပါသည်။
သို့ရာတွင်မိုင်းဝီးလူငယ်အဖွဲ့ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် စစ်ကြောင်းမှူး ဗိုလ်မှူးဝင်းမင်းစိုး ၏တားမြစ်ပိတ်ပင်ချက်ကြောင့် မူးယစ်ဆေးဝါးဖမ်းဆီးသော အလုပ်ကိစ္စကို ရပ်နားထားရပါသည်။ အဘယ် ကြောင့်ဆိုသော် အုပ်ချုပ်ရေးအာဏာပိုင်များတစ်ချို့ပါဝင် ပါတ်သက်သုံးစွဲနေခြင်းကြောင့်တကြောင်း၊ မလိုလား သောသူတစ်ချို့ တိုင်တန်းလဘ်ထိုးထားမှုတစ်ကြောင်း ၄င်းကိစ္စကို ရပ်နားထားလိုက်ပါသည်။
မိုင်းဝီးကျေးရွာသည် သျှမ်းလူမျိုးအများစုများနေထိုင်ပြီး အခြားလူမျိုးများမှာလည်းအနည်းငယ်နေထိုင်ပါသည်။ သို့သော်လည်းမှုးယစ်ဆေးဝါးအန္တရာယ်သည် လူမျိုးတိုင်း၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ကာကွယ် တားဆီးသင့်ပါသည်။ ယခုလက်ရှိဖြစ်ရပ်အမှန်ကို သိရှိလိုပါလျှင် မိုင်းဝီးလူငယ်ပြုပြင်ရေးအဖွဲ့ တရုတ်ဖုန်း နံ ပါတ် +၈၆၁၅၉၈၇၅၇၀၄၉၇ ထံဆက်သွယ်မေးမြန်းနိုင်ပါသည်။
နောက်နောင် မားနဂါးသတင်းဂျာနယ်တွင် ဤ ကဲ့သို့ သတင်းမျိုး မရေးမိစေရန် နှင့်သူတစ်ပါး၏ဂုဏ်သိက္ခာကို ထိပါးမည့် သတင်းအချက်အလက်များရေးလိုပါက တိကျမှန်ကန်သော သတင်းများဖြစ်စေလိုပါသည်။ ထို့ပြင် ယခုလိုရေးသားခြင်းအားဖြင့် အဖွဲ့အစည်း ၏ ဂုဏ်သိက္ခာနှင့် မူးယစ်ဆေးဝါးကို ပပျောက်အောင်ထိန်းသိမ်းလို သော လူငယ်လူရွယ်များ ၊နိုင်ငံသားကောင်းပြည်သူများ၏စိတ်ဆန္ဒကို ယုတ်လျော့စေပါသည်။ ထို့ပြင်မားနဂါး ဂျာနယ် အနေနှင့်လည်း မိမိတိုင်းရင်းသားပြည်သူလူထုများ မူးယစ်ဆေးဝါးကင်းရှင်းအောင် ပညာပေး စာစောင် များနှင့် မူးယစ်ဆေးဝါးပပျောက်အောင် မီဒီယာ ဘက်ကလည်း ပြည်သူလူထုများအားကိုးရလောက်သော၊ ဘက်လိုက်မှုကင်းရှင်းသော သတင်းဌာနများဖြစ်ရန် သျှမ်းသံတော်ဆင့်သတင်းဌာနကနေတဆင့် အသိပေးကာ ဆန္ဒပြုလိုက် ပါသည် ခင်ဗျား။
မှ- မိုင်းဝီးလူငယ်ပြုပြင်ရေးအဖွဲ့ဝင်တစ်ဦး
၃.၃.၂၀၁၄
Tags: Letter to Editor