ကျားကိုကြောက်လို့ ဆင်ကိုကိုး ၊ ဆင်က ကျားထက်ဆိုး
သို့- သျှမ်းသံတော်ဆင့်
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် နှင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်သိရှိစေရန်
သျှမ်းပြည်နယ်မြောက်ပိုင်း၊ ' ဝ ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင်ဖြစ်ပေါ်နေသော တောင်သူလယ်သမားများ၏ ဘဝအခြေအနေကိုသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
ဒေသခံတိုင်း ရင်းသားတောင်သူလယ်သမားများသည်၊ မိမိလယ်ယာမြေပေါ်တွင်၊ စိုက်ပျိုးထွက်ရှိလာ သော ရာသီပေါ်ကောက်ပဲသီးနှံများကို ' ဝ ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့မှ၊ ဒေသဖွံ့ဖြိုးရေး ရံပုံငွေဆိုပြီး ပိုက်ဆံကောက်နေပါသည်။
ခြံထွက်သီးနှံဖြစ်သောစပါး၊ ပြောင်း၊ ပဲပုတ်၊ ပဲသီး၊ ငရုတ်သီး များကို တစ်အိတ်လျှင် ( ၂၀၀ ) ကျပ်၊ ဖရုံသီး တစ်စီးလျှင် ယခင်က ( ၁၀၀၀ ) ကျပ်၊ ယခုလျှင် ( ၅၀၀၀ ) ကျပ် အလှူငွေဆိုပြီးကောက် နေပါသည်။ဟိုပန်မြို့အဝင် နမ့်တိမ်တံတားရဲကင်းမှ ( ၁၀၀၀ ) လက်ဖက်ရည်ဖိုးတောင်းနေပါသည်။
ဒါတွေမပြီးသေးပါဘူး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ချင်းရွှေဟော်မြို့ကိုရောက်တော့ စိန်နဂါး ကုမ္မဏီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကကျန်းမာရေးအဖွဲ့ဆိုသူတွေက ဟိုပန်မြို့၊ ကွမ်းလုံမြို့နယ်မှ ဒေသခံ တောင်သူ များစိုက်ပျိုးသော ဖရုံသီးများကို ဆေးပေါင်းရမယ်လို့ အကြောင်းပြပြီး ဖရုံသီးတစ်တန်လျှင် တရုတ်ငွေ ( ၅၀ ) ယွမ် ဒေသခံတွေထံမှကောက်ခံနေပါတယ်။
ဒါ လတ်တလော ဟိုပန်ပြည်သူနှင့် ကွမ်းလုံမြို့နေတောင်သူများ ခံစားနေရတာဖြစ်ပါတယ်။
( ၂၈.၂.၂၀၁၄ ) ရက်က ဟိုပန်မြို့ မော်ဟွေ့အုပ်စုနေတောင်သူများ ဟိုပန်မြို့ ပြည်နယ်လွှတ် တော် အမတ် ဦးစိုင်းလှဖေရဲ့ နေအိမ်ကို သွားပြီး အကျိုးအကြောင်းပြောပြခဲ့သော်လည်း၊ ဦးစိုင်းလှဖေက ငါတို့ ' ဝ ' တိုင်းမှာ ဖွံ့ဖြိုးရေးအလှူငွေကောက်တာ တစ်စီးမှာ ( ၅၀၀၀ ) ကျပ်ပဲကောက်တာ မင်းတို့က ငြီးပြ တယ်။ချင်းရွှေဟော်မြို့မှာ တရုတ်ငွေ ( ၄၀ ) ယွမ် ကောက်တယ်၊ ဒီကိစ္စဟာမင်းတို့ဘယ်မှာထပ် သွား ပြောမလဲလို့ ပြန်ပြောတယ်။
ကျားဆိုးတယ်ဆိုပြီး၊ ဆင်နားပြေးတော့၊ ဆင်ကကျားထက်ဆိုးတယ်။ ယခု ဟိုပန်နေတောင်သူခံစား နေရသော ပြဿနာကိုနိုင်ငံတော် အကြီးအကဲများအားလုံးနှင့်ပြည်ထောင်စု ဝန်ကြီးများအားလုံး သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
ဟိုပန်ဒေသခံတောင်သူတစ်ဦး
Tags: Letter to Editor