ပြည်သူလူထုက ခံပြီးရင်းခံ
သို့- သျှမ်းသံတော်ဆင့်မှတဆင့်
ပြည်သူ့လွှတ်တော် ( နာ.ယ.က ) သူရဦးရွှေမန်းသိစေရန်
သျှမ်းပြည်မြောက်ပိုင်း ' ဝ ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဟိုပန်မြို့သည် ဖြစ်ချင်တိုင်းဖြစ် နေပါသည်။ ဒေသခံတောင်သူများ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါသည်။
ပြည်သူ့လွှတ်တော်ဆိုတာ ပြည်သူများ၏ဘဝ လုံခြုံမှုရရှိစေရန် ပြည်သူများ၏အကျိုးကိုကူညီ ဖြေရှင်းပေးရ မည်လို့ သိရပါသည်။
အခု ကျနော်တို့ရွာအနီးမှာ သတ္တုတွင်းတူးဖော်နေပါတယ်။ သတ္တုတူးနေတဲ့လူအားလုံးဟာ တရုတ် လူမျိုး ပါပဲ မြန်မာနိုင်ငံကတရုတ်တွေမဟုတ်တာသေချာပါတယ်။
၎င်းတို့သတ္တုတွင်းသွားရာလမ်းဖောက်ရာတွင် ဒေသခံတောင်သူများ၏ခြံမြေများကိုသိမ်း ယူပါတယ်။ ခြံပိုင်ရှင်ကသွားပြောတော့ သူတို့က မင်းတို့တစ်ရွာနှင့် တစ်ရွာသွားလာရ လွယ်ကူအောင် လမ်းဖောက် ပေး နေတာ လို့ပြောပါသည်။
အာဏာမရခင်ကဒေသခံပြည်သူလူထုများရဲ့ အကျိုးအတွက် လုပ်ပါမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ အာဏာ ရ လာတာ ( ၃ ) နှစ်ရှိပါပြီ။ ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်ဆိုတာ ဘယ်သူလဲဆို တာပြည်သူများမြင် ဖူး သည်ရှိအောင် လွှတ်တော် အစည်းဝေးနားရင် ပြည်သူများရဲ့ လိုအပ်ချက်တွေ လာရောက်နားထောင်ပေးပါဦး၊ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲလုပ်ပေးပါဦးလို့ ကျေးဇူးပြုပြီးလွှတ်တော် နာ.ယ.က ကြီးမှ ဟိုပန်ပြည်သူ့လွှတ်တော် ဦးကျင်ဝမ်းကိုပြောပေးပါခင်ဗျား။
မြောက်ပိုင်းကျား
Tags: Letter to Editor