သျှမ်းပြည် နယ်လုံးဆိုင်ရာပရိယတ္တိ သဒ္ဓမ္မပါလစာပြန်ပွဲ ယခုနှစ် အောင်ချက်နဲ



သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ပရိယတ္တိပဋိကတ်ကျောင်းစာသင်တိုက်၌ မေလ ၂၁ မှ ၂၈ ရက်ထိ သျှမ်းပြည် နယ်လုံးဆိုင်ရာပရိယတ္တိ သဒ္ဓမ္မပါလ ( ၅၆ ) ကြိမ်မြောက်စာပြန်ပွဲတော်ကျင်းပရာတွင် ယခင်နှစ်များထက် ယခုနှစ်အောင်ချက်နဲပါးကြောင်း သိရှိရပါသည်။



ယင်းစာပွဲတော်သို့ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ လာရောက်ဖြေဆိုကြသည့် သံဃာတော် စုစုပေါင်း ၁၂၀၀ ပါးခန့်ရှိပါသည်။ စာဖြေသံဃာတော် ၉၇၁ ရှိရာ  ၆၇၅ ပါးသာအောင်ပြီး အာဂုံပြန်သူ ရ၁၁ ပါးအနက် ၆၂၃ ပါးအောင်ကြောင်းသိရှိရပါသည်။



ယခင်နှစ်တွင်မူ ဖြေဆိုသူသံဃာတော်အပါး ၁၁၁၀ ပါးခန့်ရှိပြီး ရ၁၄ ပါးအောင်ကြောင်းသိရှိရပါ သည်။ 


 စာပြန်ပွဲတော်ကို ၅ ရက်ကျင်းပပြီး ရေးဖြေ ၃ ရက်နှင့်  ၂ ရက်တွင် အာဂုံပြန် ၂ ရက်ဖြေဆိုရသည်ဟု သိရှိရပါသည်။


 စာပြန်ပွဲတော်မှာ မူလတန်း ၊ ပထမတန်း ၊ ဒုတိယတန်း ၊ တတိယတန်း ၊ ပဉ္စမတန်း ၊ ဆဌမတန်း
ဓမ္မစရိယဟူ၍  အတန်းလိုက်ခွဲကာဖြေဆိုကြပါသည်။ သို့သော် အစိုးရစာပြန်ပွဲတွင် ပထမငယ် ၊
ပထမလတ် ၊ ပထမကြီး ၊ ဓမ္မစရိယ ဟု ၄ မျိုးသာရှိပါသည်။ 



"  ဗုဒ္ဓမြတ်စွာဘုရား၏သာသနာတော် ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမများ ပြန့်ပွါးစေရန်ရည်ရွယ်ကာ စာပြန်ပွဲတော် ကျင်းပရခြင်းဖြစ်သည် " ဟု ပရိယတ္တိ သဒ္ဓမ္မပါလ စာပြန်ပွဲ တော်၏ အတွင်းရေးမှူး အရှင်ဦးခေမာစာရက ပြောသည်။


အဆိုပါပွဲတွင် မတ်ကျိုင်းပြည်သူ့စစ်(ဌာနေ) က စဝ်လှိုင်းဆိုင်ဟိန်းကလည်း သံဃာတော်အပါး ၁၂၀၀ ကျော်ခန့်ကို တစ်ပါး ၉၀၀၀ ကျပ်ဖြင့်လှူဒါန်းသွားသည်ဟုသိရှိရပါသည်။


"နမ့်ခုံး" သျှမ်းများပရဟိတအသင်း တောင်ကြီးမြို့ မှလည်း မျက်စိအခမဲ့စမ်းသပ်ပေးပြီး တစ်ရက်လျှင် မျက်မှန် အခမဲ့ ၂၀၀ ကျော်လှူဒါန်းခဲ့ပါသည်။ 


"ကျနော်တို့လည်း အမြို့မြို့ အနယ်နယ် သွားရောက်မစမ်းသပ်ပေးနိုင်ဘူး။ အခုလို စာပြန်ပွဲတော်ကို သျှမ်းပြည်နယ် ကသံယာတော်တွေအားလုံးကြွလာတော့ ကျနော်တို့လှူဖို့အခွင့်ကောင်းသွားတာပေါ့။  ပီတိလည်းဖြစ်တာပေါ့။" ဟု "နမ့်ခုံး" သျှမ်းများ ပရဟိတအသင်းဥက္ကဌ ဦိးစိုင်းထွန်းမြ ကပြောသည်။


သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် သျှမ်းပြည် နယ်လုံးဆိုင်ရာပရိယတ္တိ သဒ္ဓမ္မပါလ စာပြန်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း နယုန်လအတွင်း ကျင်းပခဲ့သည်မှာ ယခုနှစ် ၅၆ ကြိမ်မြောက်ရှိပြီဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates