ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံရသည့် ကျိုင်းတုံ SNLD ပါတီဝင် လွတ်မြောက်
ပုဒ်မ ၁၇(၁) မတရားအသင်း ဆက်သွယ်သတင်းပေးသူဟု ဆိုကာ ၂၄ ရက်ကြာ ဖမ်းဆီးထိန်း သိမ်းခံရသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကျိုင်းတုံမြို့ ပိန်းတောဝ့် ကျေးရွာအုပ်စု နမ့်လင်းမိုင် (SNLD ရုံးခွဲ ဉက္ကဌ၊ အင်မျိုးနွယ်စု ခေါင်းဆောင်) စိုင်းအိုက်ဂျဲန်( စိုင်းဂျိမ်း) အား မြန်မာအစိုးတပ်က တရားရုံးတင်ကာ အမှုဖွင့်လိုက်သော်လည်း တစုံတရာ တရားစီရင် ဆုံးဖြတ်ချက်မပြုဘဲ ယနေ့ (မေ ၂၉ ရက် ၂၀၁၄ ခု) ညနေ ၅.၂၀ အချိန်တွင် လွှတ်ပေးလိုက်ကြောင်း ရန်ကုန်မြို့ ကျားခေါင်းပါတီ ဗဟိုရုံးချုပ် နှင့် ကျိုင်းတုံရဲတပ်ဖွဲ့ အသိုင်းအ၀ိုင်း များ ပြောပါသည်။
Tags: short news


