ရဲစခန်းနားက မူးယစ်ဈေးကို ရှင်းလင်းပေးစေလို



သို့-သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ရွှေလီမြစ်တဘက်ကမ်း တရုတ်နိုင်ငံနှင့် ထိစပ်နေသော ကွန်ဟိုင်း ကျေးရွာ ရဲစခန်း အနီး (ပေ ၃၀၀ အကွာခန့်) တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသောနေရာတခုရှိပြီး နေ့စဉ်တရုတ် ပြည်သားနှင့်မြန်မာနိုင်ငံသား အယောက် (၁၀၀) ထက်မနဲလာရောက်ရောင်း ၀ယ်သုံး စွဲနေကြောင်း တွေ့ရသည်။

ရဲစခန်းနားက မူးယစ်ဈေး 

၎င်းမူးယစ်ဆေးဝါးရောင်းသောနေရာကိုရှင်းလင်းအရေးယူပေးရန်ကျေးရွာအုပ်ချုပ်ရေးမှုးအဖွဲ့ဝင်များ နှင့်ရွာသူ/သားများ က ကွန်ဟိုင်းရဲစခန်းရှိ စခန်းမှူး ဦးဝင်းနိုင်ထံ အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ ဖမ်းဆီးအရေးယူခြင်းမရှိခဲ့ပါ။


မူးယစ်ဆေးဝါးသုံးစွဲသူပေါများနေမှုကြောင့် ရွာအတွင်း ခိုးဆိုးလုယက်သူများနှင့်လူငယ်ပိုင်းများလည်း တနေ့ ထက်တနေ့ စာရိတ္တပျက်ပြားနေပါပြီ။သို့ဖြစ်ပါ၍အထက်က တာဝန်ရှိလူကြီးမင်းများနှင့် သျှမ်း ပြည် အစိုးရအဖွဲ့များ သိရှိစေပြီး အမြန်ဆုံးလာရောက်အရေးယူပေးပါရန် သျှမ်းသံတော် သတင်းဌာန မှတဆင့် တင်ပြအပ်ပါသည် ခင်ဗျား။

မှ/ကွန်ဟိုင်းရွာသူရွာသားများ
(21.5.2014)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates