ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်ရုံဆွေးနွေးပွဲ တောင်ကြီး၌ ကျင်းပမည်
ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြည်သူများ သိရှိနားလည်လာစေရန် “ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်ရုံဆွေးနွေးပွဲ” ကို သျှမ်းပြည်မြို့တော် တောင်ကြီး၌ ကျင်းပမည်ဟု သိရှိရသည်။
ဘရာဇီး အခြေစိုက် Euro Burma Office(EBO)၊ ကနေဒါ အခြေစိုက် Forum of Federations (FOF)နှင့် ချင်းမိုင် အခြေစိုက် Pyidanugsu Institute for Peace and Dialogue (PI)၊ တောင်ကြီး အခြေစိုက် သျှမ်းပြည်မျိုးဆက်သစ် (NGSS)တို့က “ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်ရုံ ဆွေးနွေးပွဲ”ကို မေလ ၂၅ ရက်မှ ၂၇ ရက်နေ့ထိ ၃ ရက်ကြာ ပူးပေါင်းပြုလုပ်သွားမည် ဖြစ်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာဘာလဲ၊ ဘာကြောင့်ရှိဖို့ အရေးကြီးသလဲ၊ ဘာကြောင့်ရှိဖို့ လိုအပ် သလဲဆိုတာ သိတဲ့သူအရမ်းနည်းတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း လေ့လာပြီးမှ ၂၀၀၈ ဥပဒေကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဆွေးနွေးနိုင်မယ်” ဟု ပါဝင်စီစဉ်သူ ဦးခွန်စိုင်း က ပြောပါ သည်။
အလုပ်ရုံဆွေးနွေးပွဲကို Training of Trainers (TOT) ပုံစံဖြင့် ပြုလုပ်သွားရန် ရည်ရွယ်ထား ကြောင်း၊ သျှမ်းပြည်အခြေစိုက် နိုင်ငံရေးပါတီများ၊ လူမှုအသင်းအဖွဲ့များနှင့် အပစ်ရပ် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များကို ဖိတ်ကြားမည်ဖြစ်ကြောင်း ဆို၏။
ဖက်ဒရယ်စနစ်နှင့်ဆင်တူသည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်စနစ် လုံးဝဖြစ်လာစေ ရန် ၁၉၆၁ ခုနှစ် ဂျွန်လ ၈ ရက်မှ ၁၆ ရက်နေ့အထိ တောင်ကြီး၌ ပြည်နယ်ပေါင်းစုံညီလာခံကြီး ကျင်းပခဲ့သည်။
Tags: News, politic

