ကျောက်မဲလယ်ယာမြေအရေး လွှတ်တော်ရုံးမှာဘဲ လွှဲပြောင်းပေးတော့မှာလား



သို့- သျှမ်းသံတော်ဆင့် အယ်ဒီတာ

သက်ဆိုင်ရာလူကြီးမင်းများ သိစေရန်

အကြောင်းအရာ- သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ခိုမုန်းအုပ်စု လုံဝယ် ကျေးရွာ ကွင်းအမှတ် ၄၇ ရှိ လယ်ယာမြေ ဧက ၂၀၀ ပြန်လည်ရရှိရေး တောင်းခံခြင်းကိစ္စနှင့် ပတ်သက်၍ လူကြီးမင်းများအား အသိပေးတင်ပြချင်ပါသည်။


ယင်းလယ်ယာမြေကိစ္စတွင် ဦးခမ်းကျော် ( ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) သည်ပါဝင်ပတ်သက် ခြင်း ရှိ နေပါသည်။  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် စုံစမ်းမေးမြန်း ခြင်း မရှိဘဲ လွှတ်တော်ရုံးတွင် လွှဲပြောင်းပေးခြင်းကိစ္စများဆောင်ရွက်သွားပါသည်။


သို့ဖြစ်ပါ၍ မြေယာ ဆုံးရှုံးသူအနေဖြင့် လွှတ်တော်ရုံးသည် လယ်ယာမြေလွှဲပြောင်းခြင်းကိစ္စများ မပြု လုပ်သင့်ပါ ဟူ၍လည်းကောင်း၊ ယင်းအခြေအနေကိစ္စများကို ဦးခမ်းကျော်အနေဖြင့် မည်သို့များ ဆုံး ဖြတ်သွားမည်ဟူသည့်အကြောင်းနှင့်လူကြီးမင်းတို့အား မိဘသဖွယ်အားကိုးလျှက် ၎င်းကိစ္စများ ဆုံး ဖြတ်ပေးပါရန် အကူအညီတောင်းခံအပ်ပါသည်။

မှ- မြေယာဆုံးရှုံးသူများ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates