ထိုင်းနိုင်ငံတဝှမ်းလုံး စစ်ဥပဒေကြေငြာ
ထိုင်းဘုရင့် ကြည်းတပ်မတော် ကာကွယ်ရေးဦစီးချုပ်မှ ထိုင်းနိုင်ငံတဝှမ်းလုံးအား မေလ ၂၀ ရက်နံနက် ၃ နာရီက စစ်ဥပဒေ ကြေငြာလိုက်သည်။
![]() |
| တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရေးဥက္ကဌ ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချား (Photo: Apichart Weerawong/AP) |
စစ်တပ်မှ အာဏာသိမ်းခြင်းမဟုတ်ဘဲ တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရန်အတွက်သာဖြစ်ကြောင်း လည်း ထိုင်းဘုရင့် ကြည်းတပ်မတော်မှ တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရေးဥက္ကဌ ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချား က ကြေငြာပါသည်။
ထိုသို့ စစ်ဥပဒေကြေငြာပြီး ၇ နာရီအကြာ မေလ ၂၀ ရက် နံနက် ၁၀ နာရီတွင်မူ ဆန္ဒပြအုပ်စုများ အားထောက်ခံအားပေးလာစေရန် ဝါဒဖြန့် ထုတ်လွှင့်သည့် ထိုင်းရုပ်သံလိုင်းများနှင့် မှတ်ပုံတင်ခြင်း မလုပ်ထားသည့် FM ရေဒီယိုလိုင်းများအားလုံးကို ထုတ်လွှင့်မှုခေတ္တရပ်နားထားရန်လည်း ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချား က လက်မှတ်ရေးထိုးကာ စစ်မိန့်ထုတ်ပြန် လိုက်ခြ င်းဖြစ်သည်။
ခေတ္တပိတ်ပင်ထားခြင်းခံရသော ရုပ်သံလိုင်း ၁၁ လိုင်းရှိပြီး နာမည်ကြီး ASTV လည်း ပါဝင်ပါသည်။
ဝန်ကြီးချုပ် မစ်ယင့်လပ်ရှင်နာဝပ်အား ထိုင်းနိုင်ငံတရားရုံးတော်က ယခုလအစောပိုင်းက အာဏာ အလွဲသုံးစားမှုဖြင့် ဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ဖို့ စီရင်ချက်ချပြီးနောက်ပိုင်း သူမအား ထောက်ခံအား ပေးသည့် အဖွဲ့ နှင့် သူမ၏အစိုးရယာဉ်းတယားတခုလုံးရပ်တန့်ရေးအတွက် ဆန့်ကျင်ဆန္ဒသည့် အဖွဲ့ တို့ကြား ပြိုင်ဆိုင်မှုပြင်းထန်လာသည်နှင့်အမျှ ထိပ်တိုက်မှု မဖြစ်ပွားစေရန်၊ နိုင်ငံတော်လုံခြုံရေး မထိပါးရန်၊ လူထုအသက်အိုးအိမ်ကာကွယ်စောင့်ရှောက်ရန်အတွက် ထိုင်းဘုရင့် တပ်မတော်က စစ်ဥပဒေပြဌာန်းလိုက်ခြင်းဖြစ်သည်ဟု ထိုင်းတီဗီလိုင်းများက ကြေငြာပါသည်။
မြို့ကြီးပြကြီးပေါ်ရှိ လူစည်ကားရာအရပ်နှင့်အစိုးရအရေးပါဌာနတို့တွင်လည်း ထိုင်းစစ်တပ်မှလုံခြုံရေးတင်းကျပ်ယူထားပေးကြောင်းလည်း သတင်းများတွင်ပါရှိပါသည်။
Tags: News, politic


