SSA တဖွဲ့တည်းဖြစ်ကြောင်း RCSS ထံ SSPP မှ တော်လှန်ရေးနေ့ သဝဏ်လွှာပို့
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဌာနချုပ် လွယ်တိုင်းလျဲန်း တွင် ကျင်းပသော ၅၆ နှစ်မြောက် သျှမ်းပြည် အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်းမခွဲခြားဘဲ SSA တဖွဲ့တည်းဖြစ်ကြောင်း သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP မှ တော်လှန်ရေးနေ့ သဝဏ်လွှာပေးပို့ခဲ့ပါသည်။
![]() |
| RCSS ဌာနချုပ်တွင်ကျင်းပသောတော်လှန်ရေးနေ့အခမ်းအနား |
![]() |
| RCSS ဌာနချုပ်တွင်ကျင်းပသောတော်လှန်ရေးနေ့အခမ်းအနား |
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကျင်းပသော သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားတက်ရောက်သည့် ပရိသတ်ထောင်ချီနှင့်စစ်ရေးပြ စစ်သည် များအား ဒု ဗိုလ်ချုပ်ကြီးယွက်စစ်က တော်လှန်ရေးသမိုင်းဖြစ်ပေါ်လာပုံသမိုင်းကို မိန့်ခွန်းပြောကြားခဲ့ပါသည်။
![]() |
| SSPP ဌာနချုပ်တွင်ကျင်းပသော စစ်သင်တန်းဆင်းပွဲနှင့်တော်လှန်ရေးနေ့အခမ်းအနား |
SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းတွင်မူ သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားနှင့်အတူ အခြေခံစစ် ပညာ သင်တန်း အပတ်စဉ် ၂၂ ၏ သင်တန်းဆင်းပွဲကိုပါ ပြုလုပ်ကျင်းပခဲ့ပါသည်။
သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ဌာနချုပ်လွယ်တိုင်းလျဲန်း၌လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါသည်။
![]() |
| SSPP ဌာနချုပ်တွင်ကျင်းပသော စစ်သင်တန်းဆင်းပွဲနှင့်တော်လှန်ရေးနေ့အခမ်းအနား |
အဖက်ဖက်နစ်နာမှုအပေါ် မခံမရပ်နိုင်ကြသည့်အတွက် စဝ်နွဲ့စောယန္တ ဦးဆောင်သည့် သျှမ်းမျိုးချစ် လူငယ် ၃၁ ယောက်သည် ၁၉၅၈ မေလ ၂၁ ရက်နေ့ မိုင်းတုံမြို့နယ်သံလွင် အရှေ့ခြမ်း နမ့်ကျွတ် ချောင်း ဘေး တောတွင်း တစ်နေရာ၌ နွံစစ်ဟန်တပ်မတော်ဖွဲ့စည်းကာ သျှမ်းပြည်လွတ်လပ်ရေးအတွက် နယ်ချဲ့ ရန်သူဟူသမျှကို တွန်း လှန်တိုက် ခိုက် မောင်း ထုတ်မည်ဟုသွေးသစ္စာ ရေသောက်ခဲ့ကြပြီး တော်လှန်ရေး သမိုင်း ပထမစာမျက်နှာ စဖွင့်ခဲ့ကြသည်။
တိုင်းပြည်လွတ်လပ်ရေးအတွက် သျှမ်းစော်ဘွား များ၊ သျှမ်းလူထုခေါင်းဆောင်များ ချင်း၊ ကချင် ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ၁၉၄၇ ပင်လုံညီလာခံကြီး ၌ ပင်လုံ စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။အတူတကွနေထိုင်ရင်း ၁၀ နှစ်ပြည်သော် အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေးဆုံးရှုံးပါက ပြည်ထောင်စုမှခွဲထွက်ပိုင်ခွင့်ရှိသည် ဟုသဘောတူထားကြသည်။ ထိုကဲ့သို့သဘောတူညီချက်အတိုင်းဖြစ်မလာသောကြောင့် စဝ်နွဲ့ ဆောယန္တ ဦးဆောင်ကာ တော်လှန်ရေးခရီး စတင်ခဲ့ခြင်းဖြစ်သည်။
Tags: News, Social





