ခွင့်ပြုချက်မရဘဲ မြေလွှတ်မြေရိုင်းများတွင် ဖော်ထုတ်အသုံးပြုခြင်းမပြုရန် သျှမ်းပြည်နယ်အစိုးရ အမိန့်ထုတ်
သျှမ်းပြည်နယ်အတွင်း မြေလွတ်မြေရိုင်းများအား ခွင့်ပြုချက်မရဘဲ ဖော်ထုတ်အသုံးပြုခြင်း မပြုရန် သျှမ်းပြည် နယ်အစိုးရက ကြေငြာချက်ထုတ်ပြန်လိုက်သည်။
ခရိုင်၊ မြို့နယ်၊ ကျေးရွာမည်သည့်ဒေသတွင်မဆို လယ်မြေ၊ ယာမြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း များနှင့် သစ်တောမြေများပေါ်တွင် အစိုးရထံမှ ခွင့်ပြုမိန့်တစ်စုံတစ်ရာမရှိဘဲ မိမိတို့သဘောဆန္ဒ အလျောက် လယ်ယာ မြေအဖြစ်အသုံးပြုခြင်း၊ လူနေအိမ်ကွက်များ ဖော်ထုတ်ရောင်းချခြင်းမပြု ရန် တားမြစ်ထားခြင်းဖြစ်သည်။
တားမြစ်ချက်ကို မလိုက်နာပါက ၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ၂၀၁၂ ခုနှစ်မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းပညာနှင့် ၁၉၉၂ ခုနှစ် သစ်တောနည်းဥပဒေ ၊၁၉၉၅ ခုနှစ် သစ်တောနည်း ဥပဒေ များအရ အပြစ်ပေးအရေးယူခြင်းခံရမည် ဖြစ်ကြောင်း မေလ (၂၀) ရက် နေ့ထုတ် နိုင်ငံပိုင် မြန်မာ့ အလင်း သတင်းစာတွင်ကြော်ငြာအဖြစ်ထည့်သွင်းဖော်ပြထားပါသည်။
Tags: General, News

