စစ်အင်အားဖြည့် အပြိုင်အဆိုင်လှုပ်ရှားမှု ရပ်တန့်ပေးရန် မုန်းပေါ် ဒေသခံများတောင်းဆို
သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် ကွတ်ခိုင်မြို့နယ် အတွင်းမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား အင်အားအပြိုင်ဖြည့်လှုပ်ရှားေ နမှုကို ရပ်တန့်ပေးဖို့ ဒေသတွင်း ဘုရားကျောင်းများက ဦးဆောင်ပြီး တောင်းဆိုလိုက်ပါတယ်။
ဂျွန်လ ၉ ရက်နေ့ဟာ ကချင်လွတ်လပ်ရေးတပ်မတော်ကို အစိုးရက ထိုးစစ်ဆင်တိုက်ခိုက်တာ သုံးနှစ်ပြည့်လို့ မုန်းပေါ့ ကချင်နှစ်ချင်းအသင်းတော် ၆ ပါးက မူဆယ်ရောက် စစ်ဘေးရှောင် မုန်းပေါ့ဒေသခံ နဲ့ အတူ အမှတ်တရ ဆုတောင်းပွဲလုပ်ပြီး - အဘက်ဘက်က စစ်အင်အားလျှော့ချပေးဖို့၊ ခရစ်ယာန်အသင်း တော်နဲ့ သင်းအုပ်ဆရာတွေအပေါ် စစ်အင်အားနဲ့ ခြိမ်းခြောက် အနိုင်ကျင့်တာကို ရပ်တန့်ဖို့၊ လက်နက်အားကိုးနဲ့ မုန်းပေါ့ဒေသခံအပေါ် စိုးမိုးချုပ်ချယ်မှု အလိုမရှိ၊ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အစိုးရ ဘက်က လက်တွဲကူညီပေးဖို့ စတဲ့ အချက် ၆ ချက်ပါတဲ့ ထုတ်ပြန်ကြေငြာချက်ကိုလဲထုတ်ြ ပန်တောင်းဆို ခဲ့ပါတယ်။
``မုန်းပေါ့ ဇုန်မှာ တပ်မတော်အစိုးရက ဒီလိုစစ်အင်အားအလုံးအရင်းနဲ့ လာထိုးနေတယ်။ ဒီဘက် ကလဲ တပ်ပေါင်းစု ဖြစ်တဲ့ ကိုးကန့်တို့ ၀ တို့ စစ်ကြောင်းတော်တော်များများ ရှိနေတယ်။ အဲဒါကို တတ်နိုင် သလောက်လျှော့ချပေးပါ။ ကျနော်တို့ မုန်းပေါ့ပြည်သူလူထု ဟာဆိုရင် စစ်ကိုလုံးဝ မလိုလားတော့ပါဘူး၊ ကျနော်တို့ ဘိုးဘွားပိုင် လယ်ယာမြေကို လွတ်လွတ်လပ်လပ်လုပ်ကိုင်စားသော က်ခွင့်ပေးပါ´´ ဟု မုန်းပေါ်က ကချင်ဘဲပ်တစ်ကွန် ဗင်းရှင်း အသင်းဝင် သင်းအုပ်ဆရာတဦးက ပြောပါတယ်။
တနင်္လာနေ့က မူစယ်ခရိုင် ကွတ်ခိုင်မြို့နယ် မိုင်းပေါ့ကျေးရွာအုပ်စုမှာ အတွင်းမှာ အစိုးရတပ် နဲ့ တိုင်းရင်း လက်နက်ကိုင်အုပ်စုအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
တိုက်ပွဲကြောင့် စစ်ဘေးစစ်ဒဏ်အလူးအလဲ ခံနေရကြောင်း မိုင်းပေါ်ဒေသခံ စစ်ဘေးဒုက္ခသည်တဦးက ရှမ်းစကားနဲ့ အခုလိုပြောပါတယ်။
``ကျနော်တို့ မုန်းပေါ့မှာ ဗမာ့တပ်မတော် နဲ့ ကေအိုင်အိုတို့ မကြာခဏတိုက်ပွဲဖြစ်တယ်။ ကေအိုင်အို စစ်ကြောင်း သွားလာတာများတယ်။ အစိုးရတပ်မတော်ဘက်ကလဲအင်အားဖြည့် လာနေတယ်။ စစ်သားဆို ကျနော်တို့ အရမ်းကြောက်တာ။ ခြံသွားမလုပ်ရဲဘူး။ ပေါ်တာဖမ်းတယ်။ မိန်းခလေးဆိုလဲ မုဒိန်းကျင့်ခံရတယ် ဆိုတဲ့သတင်းထွက်နေတယ်။ ပြီးခဲ့သုံးလေးရက်ကဆို ကျနော်တို့ရွာက အမျိုးသားတယောက် ဗမာစစ်တပ်ဖမ်း သွားတာ ပြန်လာတော့ အ၀တ်တွေပါမလာဘူး ။ ကိုယ်လုံးတီးနဲ့။ ဘာလို့လဲမသိဘူး။ မေးလဲမဖြေဘူး´´
``အစိုးရဘက်က ဒုတပ်ရင်းမှူးခြုံခိုတိုက်ခိုက် ခံရတော့ စစ်အင်အားတွေ အစိုးရဘက်က ပိုပို့လာတယ်။ တိုက်ပွဲ တွေ ပိုမိုပြင်းထန်လာတဲ့သဘော။ သံလွင်အနောက်ခြမ်း၊ သိန္နီ - ကွန်လုံ ကားလမ်းမြောက်ဘက်ခြမ်း၊ သိန္နီ - မူစယ်ကားလမ်း အရှေ့ဘက်ခြမ်း ကြားဒေသတွေမှာ ရှိရင်းစွဲ အစိုးရတပ်က တပ်ရင်း ၂၀ ထက်မနည်းဘူး။ တပ်မ ၇၇ ၊ ၈၈၊ စကခ ၁၆ လက်အောက်ခံတပ်တွေ၊ ဒကစ လောက်ကိုင်လက်အောက်ခံတွေပေါ့၊ ထပ်လာ တာလဲရှိသေး။ ကျနော်တို့ ဘက်ကတော့ တပ်ပေါင်း စု ဆိုတော့ ရှမ်း ပလောင် ကချင်၊ ၀ ၊ ကိုးကန့် ပါရှိတယ်´´ လို့ သျှမ်းတပ်မှူး တဦးဖြစ်တဲ့ စိုင်းခမ်းခေး ကပြောပါတယ်။
Tags: General, News

