PR စနစ်အား ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း အပြင်းအထန်ကန့်ကွက်
လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားလှယ်စနစ် Proportional Representation ( PR ) စနစ် အသုံးပြုရေးအတွက် ညီနောင်တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်းက သတင်း စာရှင်းလင်းပွဲ တရပ်ကျင်းပ ပြုလုပ်ပြီး ထုတ်ပြန်ကြေငြာချက်နှင့် ကန့်ကွက်လိုက်ပါသည်။
![]() |
| NBF မှ PR စနစ်အသုံးပြုရေးကန့်ကွက်ကြောင်း |
ဂျွန်လ ၁၀ ရက် အင်္ဂါနေ့ နေပြည်တော်တွင် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေဒရှင်း NDF က သတင်း စာရှင်းလင်းပွဲတရပ်ကျင်းပရာတွင် - PR စနစ်အသုံးပြုပါက တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်များ လွှတ် တော်ပါဝင်ခွင့်မရလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရမည်မဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခလည်း ဖြေရှင်း နိုင်မည်မဟုတ်၊ PR စနစ်ကျင့်သုံးရန် ကြိုးပမ်းသူသည် တိုင်းရင်းသားလူနည်းစုများ၏ ဘုံရန်သူ ဖြစ်လာနိုင် သည်ဟု ပြောသည်။
``ကျနော်တို့ တိုင်းရင်းသားဒေသမှာ ဗမာစာ ဗမာစကားမတတ်တဲ့သူတွေလဲရှိတယ်။ တိုင်းရင်းသားတွေ အတွက် ဒီစနစ်နဲ့ မသင့်လျော်သေးဘူး။ ကျနော်တို့ပြင်းပြင်းထန်ထန်ကန့် ကွက်တယ်။ ´´ - ဟု ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှ င်း အကြီးအကဲ ဒေါက်တာအေးမောင်ကပြောသည်။
PR ခေါ် အချိုးကျကိုယ်စားလှယ်စနစ်သည် လွှတ်တော်ကိုယ်စားလှယ်တဦးချင်း အလိုက် မဲဆန္ဒတိုက်ရိုက်မပေး၊ တိုက်ရိုက်မရွေးဘဲ ရလာသည့် မဲဆန္ဒအပေါ် ကိုယ်စားလှယ်များအား ပါတီမှ အချိုးခန့်အပ်သည့်စနစ်ဖြစ် ပါသည်။
PR စနစ်သည် အင်အားကြီးပါတီများအပေါ် ထိန်းညှိပေးသည့်စနစ်ဖြစ်သောကြော င့် အကောင်းမြင် ထောက်ခံသည့် တိုင်းရင်းသားခေါင်းဆောင်များ လည်းရှိသည်။
``၂၀၁၀ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲအကြောင်း နားမလည်တဲ့သူတွေအများကြီး၊ ကျနော်တို့ မနည်းရှင်းပြရတယ်။ ကျနော်တို့တိုင်းရင်းသားက စာတတ်ပေတတ် နည်းတယ်။ ဒီစနစ်အသုံးပြုရင် ရှုပ်ထွေးမှု ပိုမိုဖြစ်ပွားလာနိုင်တယ်´´ - ဟု ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းလှကျော်ကပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် PR စနစ်အသုံးပြုရေးအတွက် ဂျွန် ၉ ရက်က လွှတ်တော်အတွင်း ဆွေးနွေးခဲ့ကြပါသည်။
Tags: News, politic


