ခေါင်းတလုံးနှင့်ကိုယ် ၂ ခုပါ လပိုင်းကလေး ၅ နာရီကျော်ကြာ အောင်မြင်စွာခွဲစိပ်နိုင်



ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ရောက်ရှိနေသည့် ခေါင်းတလုံးနှင့် အမွှာပူး ကလေးလေးအား မဟာရတ်နခွန်းချိန်းမိုင် ဆေးရုံကြီးက ယနေ့ အောင်မြင်စွာ ခွဲစိပ်နိုင်ခဲ့ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

ကလေးလေးအား မခွဲစိပ်မီ

ရင်ညွန့်မှ အပိုထွက်လာသည့် ခြေလက်တစုံနှင့်  ကိုယ်တပိုင်းအားခွဲထုတ်နိုင်ခဲ့ပြီး ကလေးကိုလည်း အရေးပေါ် အခန်း အိုင်စီယူ တွင်ထားရှိကာ အထူးကုများမှ အနီးကပ် စောင့်ရှောက်ပေးနေသည်ဟု ဆိုပါသည်။

မနက် ၈ နာရီကနေ မွန်းလွဲ ၁ နာရီအထိခွဲစိပ်ကြတယ်။ အခုအိုင်စီယူ ထဲမှာနေရတယ်။ ဆရာဝန်ကြီးတွေကနေ အနီးကပ်ပြုစုပေးနေပါတယ်။ အခုချိန်အထိတော့ ကလေးအတွက် စိုးရိမ်စရာမရှိဘူး။  ဒီညနေပိုင်း သူ သတိပြန်လည် လာပြီ။ အဖေနဲ့အမေကိုတော့ ပေးတွေ့တယ် ။ မိခင်နို့တော့ ပေးမသောက်သေးဘူး။ အဲ့ဒီအခန်းမှာ ၃-၄ ရက်လောက်တော့နေရမယ်ထင်တာဘဲ။ ဘေးကင်းရန်ကင်းပါစေလို့ဘဲ ဆုတောင်း နေပါတယ်- ဟု ဖခင်ဖြစ်သူ စိုင်းလှမြင့် ကပြောသည်။

ကလေး၏ မိဘများမှာ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှဖြစ်သည်ဟုသိရသည်။

ခွဲစိပ်ကုသမှုပြုနိုင်ရေးအတွက် သျှမ်းအမျိုးသမီးပူးပေါင်းဆောင်ရွက်ရေးအသင်း SWAN က ဆက် သွယ်ဆောင် ရွက် ပေးပြီး ခွဲစိပ်ကုသမှုကုန်ကျစရိတ်အားလုံးကိုဆေးရုံကြီးမှ တာဝန်ယူ ပေးမည် ဖြစ်ကြောင်း၊ ခွဲစိပ်မှု အောင်မြင်ပြီး ကလေးကျန်းမာရေးအခြေအနေ ပြန်ကောင်းလာသည့်အချိန် ဆေးရုံကြီးမှ သတင်းစာရှင်း လင်းပွဲတရပ် ပြုလုပ်မည်ဖြစ်ကြောင်းလည်း   SWAN မှတာဝန်ရှိပုဂ္ဂိုလ် နန်းဆိုင်မွန်း ကပြောပါသည်။  




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates