သျှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး မိုင်းပွန်မြို့ဆေးရုံနှင့် စာသင်ကျောင်းတွင် ထောက်ပံ့ပစ္စည်းများပေးအပ်



သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့နယ် ဆေးရုံသို့ သျှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်နှင့် အဖွဲ့ရောက်ရှိကာ ဆေးကုသမှုခံယူနေသော ကိုယ်ဝန်သည်များနှင့် သက်ကြီးရွယ်အိုများအား ပစ္စည်းများ ကူညီပေးအပ် ခဲ့ပါသည်။

ဂျွန်လ ၂၃ ရက်နေ့ မနက် ၈ နာရီ မိနစ် ၅၀ က မိုင်းပွန်ဆေးရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်သည် ၁၂ ဦးအား အဟာရ ကွေကာအုပ်မှုန့် ကြက်ဥ ငွေကြေးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အလားတူ အသက် ၇၀ ကျော်အရွယ်အဘိုးအဘွားများကိုလည်း ပစ္စည်းများပေးအပ်ထောက်ပံ့ခဲ့ပါသည် ။

ထို့အပြင် မိုင်းပွန်မြို့ အထက ကျောင်းသို့သွားရောက်ကာ ကျောင်းသားလူငယ်များအား စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ပြီး မွန်းလွဲ ၁ နာရီတွင် တောင်ကြီးသို့ ပြန်သွားခဲ့ကြပါသည်။











 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates