သဘာဝပတ်ဝန်းကျင်အရေး တချက်လောက် မျှော်တွေးကြစေလို
သို့ - သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့်တိန်းချောင်းရေ ရေလယ်ကျွန်း အတွင်းငွေကြေးတတ်နိုင် သူလူတစုမှ စားသောက်ဆိုင်များ အလုအယက်ဖွင့်လှစ်မှုအပေါ် သဘာဝ ပတ်ဝန်း ကျင် တိမ်ကောပပျောက်မည့်အရေး စိုးရိမ် နေရပါသည်။  
ငွေကြေးချမ်းသာသူများသည် မြို့နယ်အာဏာပိုင်နှင့်စည်ပင်တို့ထံ ၀င်ထွက်ညှိနှိုင်းထောက်ပံ့ကာ အဆိုပါ အခွင့်အရေးကို လက် မလွတ်တမ်း အလုအယက် ယူနေကြပါသည်။
တဖက်တွင်လည်း မြို့ခံတချို့က အလွယ်တကူ လက်လွတ်စပယ် အမှိုက်သရိုက်ပစ်ချခဲ့သည်လည်း ရှိနေပါ သေးသည်။ တိန်း ချောင်းရေကျချိန် ကမ်းနှစ်ဘက်တွင် ပလပ်စတစ်အိတ်ကျွတ်ကျွတ် အိပ်များဖြင့် ပြည့်နှက် နေပါသည်။ လင်းခေးမြို့သည် နမ့်တိန်း ချောင်းရေဖြင့် သာယာလှပနေပါသည်ဟု နာမည်ကြီးနေရာ အဆိုပါ ပလပ်စတစ် အမှိုက်သရိုက်များဖြင့် အလှဆင် လိုက်ပါက ချောင်းရေသည် ရေရှည်လှပ ပါဦးမည်လော။
ထို့အပြင် ငါးဖမ်း ဖားဖမ်း တံငါသည်များသည်လည်း ချောင်းရိုးတလျှောက် ဘုန်းကြီးကျောင်းနား ဈေးနား မဟူ နေရာ မရွေး ရေနေသတ္တဝါများကို ဖမ်းယူစားသောက်နေကြပါ သည်။ရေနေသတ္တဝါတွေမရှိတော့တဲ့ ချောင်းဟာ ကြာရှည်မခံနိုင်ဘဲ ချောင်းရေ ခမ်းခြောက်မြန်ပါသည်  ။  
ထိုအတွက်တို့ကြောင့် မြို့ဂုဏ်ဆောင် နမ့်တိန်းချောင်းရေ သန့်ရှင်းသာယာလှပရေး၊ လင်းခေးမြို့လူထုနှင့် အတူ ရာသက်ပန် ချောင်းရေတည်တံ့သွားရေးအတွက် မြို့ခံလူငယ်တစုက လုပ်ဆောင်နေကြ သော်လည်း အဆိုပါ လုပ်ငန်းရှင်များသည် ပါဝင် ပူးပေါင်း ထောက်ပံ့ကူညီခြင်းမရှိခဲ့ပေ။
တဖက်တွင်လည်း လင်းခေးမြို့ရာသီဥတုသည် တခြားဒေသနှင့်အတူ ပူပြင်းခြောက်သွေ့သည့်ဖြစ်ရာ နွေရာသီတွင် မီးဘေး အနတရယ် အထူးစိုးရိမ်နေရပါသည်။ မီးဘေးကာကွယ်ရန်၊ လယ်ယာမြေတွင်သုံး စွဲရန်နှင့် သောက်သုံးရေ အတွက်ပါမကျန် ဒေသခံလူထုတို့အားကိုးအားထားရသော တိန်းချောင်းရေကို လင်းခေးမြို့ခံလူထုအားလုံးသာမက တိန်းချောင်းရေ တလျှောက် မှီတင်းနေထိုင်သူများအားလုံးမှ ၀ိုင်းဝန်းစုပေါင်း ထိန်းသိမ်းကာကွယ်ဖို့နှင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေမယ့်လုပ်ငန်းရှင် များအားခွင့်ပြုချက်ပေးနေသည့် သက်ဆိုင် ရာအာဏာပိုင်များအား စီစစ် အရေးယူပေးပါရန် သျှမ်းပြည်နယ်အစိုးရကို သျှမ်းသံတော်ဆင့်မှတဆင့် အစီရင်ခံတင်ပြလို ပါသည်။
လေးစားလျှက်
မြို့ခံလူထုအားလုံးကိုယ်စား
စိုင်းဂျေဂျေ
လင်းခေးမြို့ နမ့်တိန်းချောင်း (Photo: SJJ)
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates