သျှမ်းပြည်တောင်ပိုင်းတိုက်ပွဲရပ်တန့်ရေး လွှတ်တော်တွင်အဆိုတင်သွင်း
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ဖြစ်ပွါးနေသော တိုက်ပွဲကြောင့် အခက်အခဲများစွာ ရင်ဆိုင် နေရသော ဒေသခံပြည်သူများ အေးချမ်း စွာပြန်လည်နေထိုင်လုပ်ကိုင်စား သောက်နိုင်ရေး အတွက် တိုက်ပွဲများ အမြန်ဆုံးတိုက်ပွဲများ ရပ်တန့်ရန် ကျားဖြူပါတီ၏ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်တွင်အဆိုတင်သွင်းခဲ့ပါသည်။
နှစ်ဘက်ဖြစ်ပွားနေသော တိုက်များရပ်တန့်ရေး၊ တပ်အင်အားဖြည့်တင်းမှုလျှော့ ချရေး နှင့် စစ်ဘေး ရှောင်ဒေသခံများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း အမြန်ဆုံးကူညီဖြေရှင်းအတွက် ပြည်ထောင် စုအစိုးရထံ တိုက်တွန်းသည့် အဆိုတရပ်အား ၂၀၁၄ ခု ဂျူလိုင် ၁၅ ရက် နေ့ ကျားဖြူပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မှိုင်းက ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းခြင်းဖြစ်သည်။
“စစ်ဘေးရှောင်တွေ စားဝတ်နေရေး လိုအပ်ချက် တွေကို သျှမ်းပါတီ ၂ ခုနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ကူညီထောက်ပံ့မှုပေးပေမယ့် မလုံလောက်ဘူး ဆိုတဲ့ အကြောင်း၊ နိုင်ငံတော်အစိုးရကနေ ရိုးသားဖြောင့် မတ်တဲ့ သဘောထား ကို ဖော်ပြ တဲ့အနေနဲ့ လူထုထိခိုက်နစ်နာမှုတွေကို ကူညီဖြေရှင်းပေးစေ လိုပါတယ် ဆိုတဲ့ ထောက်ခံမှုအဆိုကို ကျမက ထောက်ခံတင်ပြခဲ့ပါတယ်” ဟု ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် နန်းဝါနုက သျှမ်းသံတော်ဆင့်ကပြောသည်။
ထို့အပြင် ထိုဒေသအတွင်း မြန်မာ့တပ်မတော်စစ်ကြောင်း၏ စစ်ရေးလှုပ်ရှားနေမှု ကိုရပ်တန့်ပေးရန်နှင့် ဝမ့်ဝပ်ဘုန်းကြီးကျောင်းရောက်စစ်ပြေးဒုက္ခ သည်များ နေရပ်သို့အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရန် အတွက် နိုင်ငံတော်အစိုးရ မှ ကူညီဆောင်ရွက်ပေးပါရန် ထောက်ခံဆွေးနွေးခဲ့သည်ဟု လည်းဆိုပါ သည်။
ဝမ့်ဝပ်ကျေးရွာ တာ့ဖာဆောင်ကျေးရွာ ငူးလိမ်ကျေးရွာ လွယ်ခေါ်ကျေးရွာတို့မှ စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀ ကျော် ၊ သံဃာတော် အပါး ၅၀ ကျော် တို့ ရင်ဆိုင်နေရသော စားဝတ်နေရေး အခက်အခဲများ အစိုးရစာသင်ကျောင်းတွင် တပ်မတော်က လာရောက်စခန်းချနေထိုင်သဖြင့် ကျောင်းနေအရွယ် ကလေး များရင်ဆိုင်နေရသောအခက်အခဲများ အပြင် စစ်ရေးလှုပ်ရှားမှုကြောင့် ဝမ့်ဝပ်ကျေးရွာသား များ၏ လယ်ယာမြေဧက ၂၀၀ ကျော်ပျက်စီးခဲ့ရသည် များကို ကျေးသီးမြို့နယ် ကျားဖြူပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မှိုင်းက ပြည်သူ့လွှတ်တော် ဒဿ မ အကြိမ် ပုံမှန် အစည်း အဝေး တွင် ဂျူလိုင်လ ၁၅ ရက်နေ့က တင်ပြခဲ့ခြင်းဖြစ်ပါသည်။
လက်ရှိအခြေအနေနှင့်ပတ်သက်၍ နန်းဝါနုက - “တယောက်ကိုတယောက် အပြစ်ဖို့နေ လို့ မဖြစ်တော့ဘူး။ နှစ်ပေါင်း ၆၀ ကျော်မှာ လက်နက်ကိုင်တိုက် လာပြီးပြီ။ အမြစ်ပြတ်ချေမှုန်းနိုင်သလားလို့ ကြည့်ရင်လည်း ဘယ်သူမှ ဘယ်သူ့ ကို အမြစ်ပြတ်မချေမှုန်းနိုင်ပါဘူး။ ပြည်သူလူထုက ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုး တက်ရေး တအားလိုလားနေပြီ။ ဒါကြောင့် ၂ ဘက်စလုံးက နိုင်ငံတော် အတွက် ပြည်သူလူထုအတွက် ဆိုတာကို ကြည့်ပြီးတော့ နိုင်ငံရေးအမြတ် မထုတ် ဘဲ စစ်မှန်တဲ့ငြိမ်းချမ်းရေး အမှန်တကယ်လုပ်ပေးရင် သိပ်ကောင်း တာပေါ့” ဟု သျှမ်းသံတော်ဆင့်အား ရှင်းပြသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် နေပြည်တော်အစိုးရနှင့် ပြည်ထောင်စု အဆင့် သဘောတူ လက်မှတ် ရေးထားသည့် တပ်ဖွဲ့ဖြစ်သည်။ ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက် သဘောတူလက်မှတ်ရေးထိုး သည့် နောက်ပိုင်း တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည့်အပြင် ယနေ့တိုင် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။
Tags: News, politic



