ရောင်းစားခံရ စပါးအထူးထွက် စခန်းများ အားလုံးပြန်လည်ရရှိရေး မူလပိုင်ရှင် တောင်သူလယ်သမား များတောင်းဆို



သို့- သျှမ်းသံတော်ဆင့် အယ်ဒီတာ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်  နမ့်ခမ်းမြို့နယ်အတွင်း စပါးအထူးထွက်စခန်းနှင့် အမှတ်(၁) ၊ (၂) ၊ (၃) ၊ (၄) စပါး အထူး စခန်းများသည်  (၁၉၈၀-၈၁) ခုနှစ်က  တောင်သူလယ်သမားများမှ မြေကွက်များလှူဒါန်းခြင်း၊ လယ်မြေ တစ်ဧက လျှင် ၁၆ ကျပ်နှုန်းဖြင့် ရံပုံငွေထည့် ဝင်လှူဒါန်းခြင်းဖြင့်နေ ရာရရှိလာပြီး  အဆိုပါစခန်းအား တောင်သူ လယ်သမား ကာယ လုပ်အား ၅၀၀ ကျော်ဖြင့်တည်ဆောက်ခဲ့ ခြင်းဖြစ်ပါသည်။


More photos << Click HERE >>
စပါးအထူးထွက်တိုးစခန်းတည်ဆောက်ရခြင်းရည်ရွယ်ချက်မှာ   မျိုးစပါးစမ်းသပ်ခြင်း ၊ ပညာပေးသင်တန်း ဆွေးနွေးပွဲများ ၊ ကောက်စိုက်ပြိုင်ပွဲများကျင်းပခြင်း နှင့် လယ်သမားများတွေ့ဆုံရန် စခန်းကြီးနေရာများအဖြစ် အသုံးပြုရန်ဖြစ်ပါသည်။

 ယခင်အစိုးရလက်ထက်  ၁၉၉၄-၉၅  ခုနှစ်တွင်   မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဌဗိုလ်မှူး ၀င်းဖေ က အဆိုပါ မြို့နယ်စပါးအထူးထွက်တိုးစခန်းကို  မောဝ်ခမ်းခရီးသွားလာရေးဧည့်ကြိုလုပ်ငန်း ကုမ္မဏီ အား တိတ်တဆိတ် ရောင်းပေးခဲ့သည်။

အမှတ်(၁) စပါးအထူးထွက်တိုးစခန်းသည် မန့်ခမ်းအစိုးရမူလတန်းကျောင်းပိုင်အဖြစ် ရောက်ရှိခဲ့ပြီး အမှတ် (၂) ၊  (၃)  ၊ (၄)တို့သည်လည်း  စိုက်ပျိုးရေးဌာနဦးစီးမှူး  ဦးမြတ်မင်းထွေးက  အခကြေးငွေယူပြီး   အခြားသူများထံအငှားချ ပေးထားခဲ့ကြောင်း သိရှိရသည်။

လွှတ်တော်ကိုယ်စားလှယ်မှ   စိုက်ပျိုးရေးဦးစီးမှူး  ဦးမြတ်မင်းထွေးအား   စပါးအထူးထွက်စခန်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ဖိတ်ခေါ်သော်လည်း ဦးမြတ်မင်းထွေးမှ ပျက်ကွက်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် လွတ်တော်ကိုယ်စား လှယ် များအား မထီမဲ့မြင်ခြင်းသာဖြစ်သည်။

၂၀၁၂  ဒီဇင်ဘာလ  ၁၅  ရက်က  တောင်သူလယ်သမားများသည်  သျှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦး မှတစ်ဆင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ   စာဖြင့်တင်ပြတောင်းဆိုခဲ့ပြီး  ၅၊ ၁၊၂၀၁၄  က ပြည်ထောင်စုလွတ်တော် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်သို့  ဆက်လက်တင်ပြခဲ့ သော်လည်း ယနေ့တိုင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်း မရှိသေးပေ။

နမ့်ခမ်းမြို့ခံ
စိုင်းအိုက်ကျန်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates