စစ်အစိုးရလက်ထက်က ဂိတ်ကြေး အခွန်ကောက်ခံမှုများ ယနေ့တိုင်သက်ဝင်ကျင့်သုံးနေဆဲ.....
သို့- သျှမ်းပြည်အရှေ့ပိုင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် သျှမ်းပြည်နယ်အစိုးရတို့မှ သိရှိဖြေရှင်းပေးပါရန်
သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနိုင်ငံနယ်စပ်တာချီလိတ်မြို့အဝင်အထွက် အစိုးရ ဌာနဆိုင်ရာဝန်ထမ်း များသည် သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်းမှ ကုန်တင်ယဉ်များထံမှ အခွန်အဆမတန်ကောက်ယူနေ ပါသည်။ ကျနော်တို့ ကြက်သွန်နီ၊ ဖြူ အစရှိလယ်ယာထွက်ကုန်ပစ္စည်းများကိုနယ်စပ်သို့ပို့ဆောင်ပါက ကာစတန် ကျူတီ အခွန် ဆောင်ရပါသည်။ ထိုသို့အခွန်ဆောင်ပါက ဘတ်ငွေ ၄ ထောင်ခန့် ကုန်ကျပါသည်။
![]() |
| ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ် ၁ |
ယခုလက်ရှိအနေအထားတွင် ထိုင်းဘက်သို့ ပို့ဆောင်ရောင်းချမည့် ကြက်သွန်အနီအဖြူ တန် ၅၀ အတွက် ကျပ်ငွေ ၈ သိန်းဂျူတီခွန်ပေးဆောင်ရပါသည်။ အဆိုပါအခွန်၏ သက်တမ်းမှာ ကုမဏီဆိုပါက ၃ လ ရပြီး သာမာန်ကုန်သည်လယ်သမားဆိုပါက ရ ရက်သာရရှိပါသည်။ စင်စစ် ၇ ရက်သက်တမ်းမှာ သာမာန် လယ် သမားများအနေဖြင့် တန် ၅၀ ပြီးစီးအောင်ရောင်းချခြင်း မည်သို့မျှ မဖြစ်နိုင်ပါ။
ထိုသို့ အခွန်ဆောင်ထား သော် လည်း သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်မှ တာချီလိတ် အထိ လမ်းတလျှောက်ရှိ အစိုးရစစ်တပ် နှင့် ရဲ ဂိတ် များက တဂိတ်လျှင် အနည်းဆုံးကျပ်ငွေ ၆ ထောင်မှ ၁၅၀၀၀ အထိ အခွန် ထပ်မံတောင်းဆိုကောက်ခံ နေပါ သေးသည်။
![]() |
| ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ် ၂ |
တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် နယ်စပ်ကုန်သွယ်ရေးဌာနနှင့်အခွန်ဌာနတို့က စီးပွါးရေး လုပ် ငန်းရှင်ကြီး များနှင့် ပူးပေါင်းကာ ထိုင်းဘက်သို့ပို့ဆောင်မည့် သျှမ်းပြည်တောင်ပိုင်းထွက် ကြက်သွန် အနီ အဖြူ တင်ကားများ အားတား၍ ၎င်းတို့ထံရောင်းပေးရန်ဈေးနှိမ်ဝယ်ယူပါသည်။ မရောင်းပေးပါက အခွန်ဘတ် ၄၀၀၀ ပေးဆောင်ခိုင်းသည့်အပြင်၊ ကုန်တင်ယာဉ်အတွင်း ဥပဒေနှင့် ညှိစွန်းသည့် ပစ္စည်းများပါမပါ စစ်ဆေးမှု ပြုခိုင်း ၏။ ထိုသို့စစ်ဆေးရာတွင် အလုပ်သမားခ အားလည်း ကားတစီးလျှင်ဘတ် ၃၀၀၀ စီကားသမားဘက်ကပင် ထုတ်ပေးရ ပါသည်။
အဆိုပါကုန်သည်များသည် ၎င်းတို့ ပွဲရုံမှ ကြက်သွန်နီ၊ ကြက်သွန်ဖြူများ၏ ဈေးကွက် အလုခံရမည် စိုးရိမ်ကာ အာဏာပိုင်များနှင့်ပူးပေါင်း၍ ထိုသို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်းလည်း အာဏာပိုင်များ နှင့်နီးစပ်သူများ က ပြောဆိုနေကြပါသည်။ ကုန်တင်ယာဉ်များအနေဖြင့် မိုင်းဆတ်မြို့နယ်တွင် မူးယစ်၊ ပြည်သူ့ရဲ၊ မြို့နယ်ရဲ၊ ခရိုင်ရဲ၊ နယ်ထိန်းရဲ၊ ယာဉ်ထိန်းရဲ၊ SB တို့အားတနေရာလျှင် ကျပ် ၆၀၀၀ စီ ၊ အခွန်ဌာန အား ကျပ် ၂ သောင်း၊ မိုင်းတုံ မြို့တွင် အခွန်ဌာနအား ၁ သောင်းကျပ် အပြင်မူးယစ်၊ စရဖ တို့အားလည်း တောင်းသလောက်ပေး ဆောင်ရ ကြောင်း၊ မိုင်းတုမ်းတွင် စုပေါင်းဂိတ်အား ၂ သောင်း၊ တာချီလိတ်အဝင် ပုန်းထွန်ဂိတ်တွင် မူးယစ်နှင့် အခွန်ဌာန အား ကျပ် ၁ သောင်းခွဲစီ၊ လမ်းတလျှောက်ရှိ စရဖ ၊ရဲ၊ စစ်တပ် အစရှိသည်တို့ အား တဂိတ်လျှင် ကျပ် ၆ ထောင်စီအနည်းဆုံးပေးဆောင်ရသဖြင့် ဂိတ်ကြေးပင်လျှင် ကျပ် ၁၀ သိန်းနီးပါး ကုန်ကျပါသည်။
ထိုင်းနိုင်ငံမှ စားသောက်ကုန်ပစည်းအများစုသည် တံတားအမှတ် ၁ မှ အများဆုံးဝင်ရောက်လာ ပါသည်။ သို့သော် အိမ်ဆောက်ပစည်းနှင့်အကြီးစားကုပစည်းများမှာ တံတားအမှတ် ၂ မှ ၀င်ပါသည်။ ဘီယာ အရက် တို့ကိုမူ တင်သွင်းခွင့်မပေးပါ။ တံတားအမှတ် ၁ တွင်တွန်းလှည်းတို့ဖြင့်သယ်ပါက အမည်မှန် ထည့်မပေးဘဲ အချိုရည်ဟုသာ အမည်တပ်ပြီး သယ်ဆောင့်ခွင့်တော့ပေးပါသည်။ သို့သော် ပုန်းထွန်ဂိတ် မယန်းဂိတ်တို့မှ အဆိုပါဘီယာအား ဘီယာ အမည်ဖြင့် အခွန်ဆောင်ပြေစာ မရှိသဖြင့် ဖြတ်သန်းသယ်ဆောင်ခွင့်မပေးပြန်ပေ။
နယ်စပ်တံတားဖြတ် သန်းသည့် အခွန်ဆောင်သည့်ပြေစာ (သျှမ်းပြည်နယ်အစိုးရအား ၃% အခွန်ဆောင် သည့်ပြေစာ) ပြပါကလည်းမရပေ။ တာချီလိတ်မြို့တွင်းမှ မုန့်ပုံး ၂ ပုံး ၃ ပုံးဝယ်ယူပါကမည်သူမှ အခွန် ဆောင်ပြေစာထုတ်မပေးပါ။ ထိုသို့ဖြင့် တခြားဒေသမှပစည်းလာရောက်ဝယ်ယူသော ပြည်သူလူ ထုနှင့် ဒေသတွင်း တနိုင်တပိုင် အသေးစား စီးပွါးရေး လုပ်ငန်းရှင်များအား ငွေရှင်များက လက်ဝါးကြီးအုပ် လုပ်ခွင့်မပေးလိုသော ကြောင့်ဖြစ်ကြောင်း သိရသည်။
လက်ရှိအစိုးရသည် ပြည်သူလူထုမှ တင်မြောက်သော အစိုးရဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ နယ်စပ် မှ ဝင် ရောက်လာသော ကုန်ပစ္စည်းများကို သျှမ်းပြည်နယ်အစိုးရ သွင်းကုန် တန်ဖိုး၏ ၃ ရာခိုင်နှုန်းကို သျှမ်းပြည် အစိုးရဝင်ငွေအဖြစ် အခွန်ကောက်ခံမည်ဖြစ်ကြောင်း ပါရှိ သည်။
တာချီလိတ်တံတား၌ ကုန်စည်တန်ဖိုး၏ ၃ ရာခိုင်နှုန်း အခွန်မပေးသွင်းရပါက ကျိုင်းတုံ၌ ၄ ရာခိုင်နှုန်း ပေးသွင်း ရန် သို့မဟုတ် လွယ်လင်၌ ၅ ရာခိုင်နှုန်း ပေးသွင်းရန် အခွင့်အရေးပေးထားပြီး တောင်ကြီး ရောက်သွားသော ကုန်စည်များ တနေရာမျှအခွန်မပေး သွင်း ခဲ့ရပါက သျှမ်းပြည်အစိုးရက သိမ်းယူ မည်ဟု စည်းကမ်းချက်၌ပါရှိ ကြောင်း တာချီလိတ်ရှိ နိုင်ငံရေးပါတီတခု၏ အမတ်တဦးက လည်းပြောပြ သည်။ သို့သော် ဥပဒေအတွင်းမပါဝင်သော လမ်းတလျှောက်ရှိ ဂိတ်အသေးအမွှားများအား ယခင်စစ် အစိုးရလက်ထက်ကကဲ့သို့ ပေးဆောင်နေရမှုမှာ လုံးဝ မရှိသင့်တော့ကြောင်း၊ ၎င်းတို့ကို စီစစ်ပေးရန် အတွက် နိုင်ငံရေးပါတီများ လွှတ်တော်အမတ်များမှတဆင့် အစိုးရအားတင်ပြပေးပါရန် ကုန်သည် တဦးအနေဖြင့် သျှမ်းသံတော်ဆင့်မှတဆင့် တင်ပြလိုက်ရပါသည်။
Tags: Letter to Editor



