ဗလီကျောင်းအနီး၌လုံခြုံရေးရဲတပ်ဖွဲ့များချထားပေးရန် နှင့် လမ်းမီးများလင်းစေလို



သို့ - နမ့်ခမ်းမြို့နယ် လျှပ်စစ်မီးနှင့် လုံခြုံရေးအာဏာပိုင်များ သိရှိစေရန်

သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ် ပေါက်တိုက်ရပ်ကွက်အတွင်းရှိ ဗလီကျောင်းအနီး၌လုံခြုံရေးတပ်ဖွဲ့များချ ထားပေးရန် နှင့် ၄င်းဗလီကျောင်းအနီးတစ်ဝိုက်ရှိ ပြည်ထောင်စုကားလမ်းမတစ်လျှောက် လျှပ်စစ်လမ်းမီးတိုင် များမီးလင်းစေရန် ကျနော်/မတို ရပ်ကွက်သူ/သားများအလိုရှိကြသည်။

န္တလေးမြို့ကလို မလိုလားအပ်သည့် ပြဿနာ များ ကြိုတင်ကာကွယ်ရန်လုံခြုံရေးတပ်ဖွဲ့များကို လိုအပ်သလို သက်ဆိုင်ရာအာဏာပိုင်များက ချထားပေးရန် နှင့် ပြည်သူများ အချိန်တွင် ဘေးအန္တရာယ် ကင်းကင်း ရှင်းရှင်း သွားလာနိုင်စေဖို့ လမ်းမီးများကိုလည်း မီးလင်း စေရန် လျှပ်စစ် ဌာနမှ ပြုလုပ်ဆောင်ရွက်ပေးပါရန် သျှမ်းသံတော်ဆင့် သတင်းဌာနမှတဆင့် တင်ပြတောင်းခံ အပ်ပါသည်။

ပေါက်တိုက်ရပ်ကွက်သူ/သားများ

..၂၀၁၄




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates