PR စနစ်လက်မခံသည့် NBF ပါတီက ဆန္ဒပြဖို့ ၁၉ ကြိမ်မြောက်အစည်းအဝေးမှ ဆုံးဖြတ်



လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးရန် အမျိုးသားလွှတ်တော်က သဘောတူ ထားသော PR စနစ်ကို လက်မခံသည့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက မြို့နယ်တိုင်းတွင် ဆန္ဒဖော်ထုတ်ကန့် ကွက်သွားမည်ဟု ၁၉ ကြိမ်မြောက်အစည်းအဝေးမှ ဆုံးဖြတ်လိုက်ပါသည်။

NBF ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း၏ ၁၉ ကြိမ်မြောက်ပုံမှန်အစည်းအဝေး
NBF ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း၏ ၁၉ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ဂျူလိုင်လ ၁၇ နှင့် ၁၈ ရက်တွင်  နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် အချိုးကျကိုယ်စားပြုစနစ်  PR System နှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး  ၂၀၁၅ ရွေးကောက်ပွဲတွင် အမှန်တကယ် ကျင့်သုံးရန်ဆုံးဖြတ်မည်ဆိုပါက မြို့နယ်တိုင်းတွင်ဆန္ဒဖော်ထုတ်သွားရန်အတွက် ကြွေးကြော်သံများ အတွက်ပါ ဆွေးနွေးခဲ့ကြသည်ဟု ဆိုပါသည်။

NBF ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း၏ ၁၉ ကြိမ်မြောက်ပုံမှန်အစည်းအဝေး

တိုင်းရင်းသားအခွင့်အရေးရရှိရေး ( ဒို့အရေး- ဒို့အရေး )၊  PR မဲပေးစနစ် (အလိုမရှိ - အလိုမရှိ  ) ၊ ညီနောင်တိုင်းရင်းသားများ ( အောင်ရမည် -အောင်ရမည်) - အစရှိ ကြွေးကြော်သံများရွေး ချယ်ထားသည်ဟုလည်း သိရပါသည်။

NBF ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းသည် တိုင်းရင်းသားပါတီ ၂၀ ပါတီဖြင့်စုပေါင်းဖွဲ့စည်းထားပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates