မဟာ ပဓာန နာယက ကျေးဇူးတော်ရှင် ဝန်းသို ဆရာတော် ဘုရားကြီး မွေးနေ့ ကချင်ပြည်နယ်ရှိ သျှမ်းများ ပါဝင် လှူဒါန်း



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်၌ မဟာပဓာန နာယက ကျေးဇူးတော်ရှင် ဘဒ္ဒန္တသီလဝံသ ဆရာတော်ဘုရားကြီး၏ ၈၉ နှစ်ပြည့် ဝိဇာတပူဇာ၊ သိက္ခာထပ်မင်္ဂလာ ပွဲတော်ကို ကျင်းပပြု လုပ်မည်ဖြစ်ကြောင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ မြန်မာပြည်မြောက်ပိုင်းထံမှသိရသည်။



အောက်တိုဘာ ၂၃ ရက်နေ့တွင် ကျင်းပမည့် ဆရာတော်ဘုရားကြီး၏ သိက္ခာထပ်ပွဲကို ကချင်ပြည်နယ်ရှိ သျှမ်း တိုင်းရင်းသားအားလုံးနီးပါး တက်ရောက်မည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်း ကပြောသည်။

တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းလုံ၊ တိုင်းခမ်းတီး၊ တိုင်းဆာခေါ်မိုင်းသာ စသည့်  မြစ်ကြီးနားမြို့နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့၊ ဗန်းမော်မြို့နယ်၊ နမ္မတီးမြို့နယ်နှင့် ပူတာအိုမြို့နယ်တို့တွင် နေထိုင်သည့် သျှမ်းတိုင်းရင်းသား မျိုးနွယ်စုဝင် အားလုံးလာရောက်ကုသိုလ်ယူကြမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ မြန်မာပြည်မြောက်ပိုင်း အဖွဲ့ဝင် စဝ်နွဲ့မင်းအောင်က “ ဒီပွဲမှာက ကချင်ပြည်နယ်မှာ တကယ်ကြီးတဲ့ပွဲလဲဖြစ်တယ်” ဟု ပြောသည်။

အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ အဘိဓဇမဟာရဋ္ဌဂုရု ၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရရှိထားသည့် ဆရာတော်ဘုရားကြီးသည်နိုင်ငံတော်သြဝါဒ စရိယဆရာတော်ကြီး တစ်ပါး ဖြစ်ပါသည်။ သို့တိုင်အာင် သွားလာရန်ခက်ခဲလှသည့် နယ်စွန်နယ်ဖျား ဒေသများသို့  သွားရောက် သာသနာပြုခဲ့ ကြောင်းလည်း ဆရာတော်ဘုရားကြီး၏အတ္ထုပတ္ထိစာအုပ်တွင်ဖော်ပြထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates