ရပ်ကွက်လုံခြုံရေးအဖွဲ့တွေက မူးယစ်ဆေးဝါးရှင်းလင်းနေတာ အပြစ်ရှိလား



သို့- သျှမ်းသံတော်ဆင့်အယ်ဒီတာမှတဆင့် သက်ဆိုင်ရာလူကြီးမင်းများနှင့်နိုင်ငံတော်သမ္မတကြီးသိစေရန်

ကျနော်တို့   နမ့်ခမ်းမြို့နယ်၊ ကောင်းဆာရပ်ကွက်လုံခြုံရေးအဖွဲ့တွေဟာ မူးယစ်ဆေးရောင်းတဲ့ ပြည်သူ့ရဲကို ဖမ်းမိတဲ့နောက်ပိုင်း နေ့တိုင်းလိုလို ခေါ်ယူစစ်ဆေးခံနေရပါတယ်။

 ၂၃.၁.၂၀၁၅  ရက်နေ့ ည ၁၁း၃၀ နာရီက ရဲတပ်သားတစ်ဦးနှင့်မူးယစ်ဆေးရောင်းဝယ်သုံးစွဲ သူတို့နှစ်ဦးကို မူးယစ်ဆေးဝါးနဲ့တကွလက်ဝယ်ဖမ်းဆီးရမိပြီး သက်ဆိုင်ရာ ပြည်သူ့ရဲစခန်းကို ၂၄.၁.၂၀၁၅ မနက်ပိုင်းက ဖမ်းမိ စိတ်ကြွဆေး (၉၇)လုံး၊ ဘိန်းဖြူ လီဘိုပုလင်းဝက်ခန့် နဲ့သက်သေပစ္စည်းတွေနဲ့အတူ အပ်နှံခဲ့ပြီးဖြစ်တယ်။

အပ်နှံပြီးနောက်ပိုင်း ကျနော်တို့ ရပ်ကွက်အုပ်ချုပ်မှုးနှင့်ရပ်ကွက်လုံခြုံရေး(လူငယ်မီးသတ်)အဖွဲ့ဟာ ဂုဏ်ပြုဆုအစား  နေ့စဉ်နေ့တိုင်း နမ့် ခမ်းမြို့နယ် ရဲစခန်းမှ  ခေါ်ယူစစ်ဆေးခြင်းကို  ခံနေရပါတယ်။

၂၄.၁.၂၀၁၅ ရက်နေ့ တုန်းကကျနော်တို့ ရပ်ကွက်အုပ်ချုပ်ရေး ဦးစိုင်းလှဝင်း နဲ့ ရပ်ကွက်လုံ ခြုံရေး(လူငယ်မီးသတ်)အဖွဲ့ မှ (၅)ဦးကို  ညနေ ၅းဝဝ နာရီမှ ၂၅.၁.၂၀၁၅ မနက် ၅း၃၀ နာရီအထိ စစ်ဆေး မေးမြန်း  တယ်။

၂၅.၁.၂၀၁၅ ရက်နေ့မှာတော့ ရပ်ကွက်(၈)အုပ်ချုပ်ရေးမှုး စိုင်းကျော်သန်းနှင့် ရပ် ကွက်မီးသတ်လူငယ်အဖွဲ့ကို   နေ့လယ် ၁းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိတစ်ကြိမ် ၊ ညနေ ၄းဝဝ နာရီ မှ ည ရးဝဝ အထိတစ်ကြိမ် စစ်ဆေးမေးမြန်းကြတယ်။

၂၆.၁.၂၀၁၅ ရက်နေ့ မှာတော့ အထက်ပါ နှစ်ရက်လုံးစစ်ဆေးခံရသူ (၁၀) ယောက် ကိုပြန်လည်ခေါ်ယူစစ်ဆေး ကြ တယ်၊အချိန်ကတော့ မနက် ၉းဝဝနာရီမှ နေ့လယ် ၁းဝဝ ထိ(၇)ယောက်စစ်ပြီး ကျန်တဲ့ (၃)ယောက်ကို တော့ ည ၈းဝဝနာရီမှပြန်လွှတ်ပေးခဲ့တယ်။

စစ်ဆေးမေးမြန်းတာတော့ ခရိုင်ကရဲလို့ပြောတာပဲ ၊ ကြမ်းကြမ်းတမ်းတမ်း  စစ်ဆေးတာမဟုတ်ပေမဲ့ ခဏခဏခေါ် စစ်ခံရတော့ မိသားစုစီးပွားရေး နဲ့ ကိုယ်ပိုင်အချိန်တွေကိုထိခိုက်တယ်လေ။
အဲဒီအခင်းဖြစ်ပြီးနောက်ပိုင်း ကျနော်တို့ ရပ်ကွက် ရဲ့ အဝင်လမ်းတောင်ခြေကို လဲ ညတိုင်း ရဲတပ်ဖွဲ့က လုံခြုံ ရေးတင်းကြပ်စွာချထားတာတွေ့ရပါတယ်။

 နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့ကတော့ အစိုးရပိုင်သတင်းဌာနကသတင်းသမားတွေ ကိုဖိတ်ပြီး  လွန်ခဲ့တဲ့ နှစ်ရက်လောက်က သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သေးတယ်။

အခုကျနော်မေးချင်တာက ကျနော်တို့ ရပ်ကွက်လုံခြုံရေးအဖွဲ့တွေ က မူးယစ်ဆေးဝါးရှင်းလင်းနေတာ အပြစ်ရှိလား။ မူးယစ်ဆေးရောင်းဝယ် သောက်စားတဲ့သူကိုဖမ်းဆီးပြီး   သက်ဆိုင်ရာ ကို အပ်နှံ  တာအပြစ် လား - ပေါ့ဗျာ။

အပြစ်မဟုတ်ရင် ခဏခဏ ခေါ်ယူ  စစ်ဆေးတာမလုပ်ဖို့၊ ဥပဒေပုဒ်မတွေနဲ့ မခြိမ်းခြောက်ဖို့ အထက်က လူကြီးမင်းနှင့်တကွ နိုင်ငံတော်သမ္မတကြီးကို သျှမ်းသံတော်ဆင့်သတင်းဌာနကနေတဆင့် ရင်ဖွင့် ပါရစေ။

မှ-ကောင်းဆာရပ်ကွက်သားတစ်ဦး
၂၉.၁.၂၀၁၅




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates