လူငယ်အရည်အချင်းမြှင့်တင်ရေးသင်တန်း သီပေါတွင်ဖွင့်လှစ်
ဒေသတွင်းလူငယ်များ အရည်အချင်းမြှင့်တင်ပေးရန်ရည်ရွယ်၍ သျှမ်းပြည်မြောက်ပိုင်း သီပေါ မြို့နယ်တွင် လူငယ်များအတွက် အင်္ဂလိပ်စာသင်တန်းကျောင်းဖွင့်လှစ်ရာ တက်ရောက်ဆည်း ပူးသူ များပြားကြောင်းသိရသည်။
![]() |
| လူငယ်များ အရည်အချင်းမြှင့်တင်ရေးသင်တန်းသားများ |
အဆိုပါသင်တန်းတွင် အင်္ဂလိပ်စာ၊ သျှမ်းစာ၊ သမိုင်း နှင့်အထွေထွေဗဟုသုတ တို့ကို ပို့ချပေး ကြောင်း သင်တန်းကာလမှာ ၁ သုတ်လျှင် ၄၅ ရက်ကြာမြင့်ကြောင်း ဆိုပါသည်။
“သင်တန်းတသုတ်အတွက် သင်တန်းသားတွေဆီက ကျပ် ၅ သောင်းကောက်ပါတယ်။ နေ စရာ ပေးတယ်။ ထမင်းဟင်းကျွေးတယ်။ ကျောင်းသုံးပစ္စည်းတွေပေးတယ်။ ကျန်းမာရေး အတွက် တာဝန်ယူပေးတယ်။” - ဟု စိုင်းဆိုင်စိန်မြတ်က ဆက်လက်ပြောပြသည်။
သီပေါမြို့နယ် အနောက်ဘက်ရှိ နမ့်ဟူးနွဲ့ ရေတံခွန်အသွားလမ်းတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး၊ ပထမအကြိမ်သင်တန်းမှ သင်တန်းဆင်းသူများမှတချို့မှာဒေသတွင်းလာရောက်လည်ပတ်သော နိုင်ငံခြားသားဧည့်သည်များအား ဧည့်လမ်းညွှန်လုပ်ပေးနေသည်ကို တွေ့ရသဖြင့် ကျေနပ်အားရ မိကြောင်း ဒေသခံလူထုကပြောသည်။
“အင်္ဂလိပ်ဘာသာကိုအဓိကထားသင်ကြားပေးတယ်ဆိုတော့ ဧည့်သည်တွေစိတ်ဝင်စားလို့ ဝင်လာကြည့် လာလည်ကြတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေလာပြီး မျှဝေပေး တယ်။ အမေရိကန်၊ ဂျာမနီ၊ ဩစတေးလျကလာကြတယ်ပြောတယ် ” ဟု သင်တန်းသားတဦး ကပြောသည်။
သင်တန်းပထမသုတ်ကို ပြီးခဲ့သည့် ၂၀၁၄ ခု ဂျွန်လ ၂၄ ရက်မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ယခုဖွင့်လှစ်ဆဲ ဒုတိယအသုတ်မှာ ၂၀၁၄ ဒီဇင်ဘာလမှ ၂၀၁၅ ဖေဖော်ဝါရီလ အထိ ဖြစ်ပါသည်။ လာမည့်အသုတ်ကိုလာမည့် ဂျွန်လတွင်ဖွင့်လှစ်ရန်စီစဉ်ထား ကြောင်းလည်း သိရပါသည်။
Tags: Education, News


