တရား စီရင်ရေး မဏ္ဍိုင်က အားလျော့ နေဆဲ (တရားလွှတ်တော်ရှေ့နေ ဦးသိန်းရွှေနှင့် အင်တာဗျူး)



အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်နွှယ်သည်ဟုဆို ကာ ဖမ်းဆီးတရားစွဲဆိုခံထားရ သည့် လူ   ၂၀ ဦးအနက် ၁၉  ဦးအား ဂျန္နဝါရီ   ၁၂  ရက် နေ့တွင် တောင်ကြီး ခရိုင်တရားရုံးက ထောင်ဒဏ်  ၁၄  နှစ် နှင့် အသက် ၁၆ နှစ် လူငယ်တစ်ဦးအား ထောင်ဒဏ် ၇ နှစ် စီ အမိန့်ချမှတ်လိုက်သည့် အပေါ် တရားလွှတ်တော်ရှေ့နေ ဦးသိန်းရွှေက တရားမျှတခြင်းမရှိ ဟုဆို သည်။



၂၀၁၃ ဩဂတ်စ်လ ၄ ရက် က သျှမ်းပြည်နယ်  တောင်ပိုင်း တောင်ကြီးမှ ကွန်ဟိန်းမြို့သို့ မင်္ဂလာ ဆောင် ပွဲအတွက်  ဒံပေါက်ပို့ ရန်အသွားတွင်  အကြမ်း ဖက်အဖွဲ့အစည်းနှင့်ဆက်နွှယ်မှု ရှိသည်ဟု ဆိုကာ ၎င်းတို့ ၂၀ ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့မှာ တောင်ကြီးမြို့သား ၁၂ ဦး၊ ကျောက်ဆည် လက်ကပံရွာမှ ၆ ဦး၊ ကွန်ဟိန်းမှ ၁ ဦးနှင့် နေပြည်တော်မှ ၁ ဦး စုစုပေါင်း ၂၀  ဦး ဖြစ်သည်။

၎င်းတို့အား အရေးပေါ်စီမံမှုဥပဒေပုဒ်မ ၅   )ည) ပေါက်ကွဲစေတတ်သော လက်နက်ဥပဒေနှင့် လူထုကို စည်းရုံးလှုံ့ဆော်မှု  ၅(   ဌ ) တို့ဖြင့် အ မှုဖွင့်စစ်ဆေးခဲ့ကာ ၂၀၁၅ ဂျန္နဝါရီ  ၁၂    ရက်နေ့ တွင်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တရားခံရှေ့နေဖြစ်သော တရားလွှတ်တော်ရှေ့နေ  ဦးသိန်းရွှေ အားသွားရောက်မေးမြန်းခဲ့ရာ -
မေး ။ ။ တောင်ကြီးခရိုင်တရားရုံးကနေ ခုလိုအမိန့်ချလိုက်တဲ့အပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ ။ ဘာကြောင့်လို့ ထင်ပါသလဲ ။
ဖြေ ။ ။ ဒါဟာ တရားသောအမိန့်ချတာမဟုတ်ဘူး။ တရားမျှတမှုမရှိဘူးလို့ ယူဆပါတယ် ။ဘာကြောင့် လဲဆိုတော့လူ ၂၀  ထဲက လူသုံးဦးကဖြောင့်ချက်ပေးထားတယ်။ အဲ့ဒီဖြောင့်ချက်ကို တရာရုံးက ပြန်သိမ်းထားတယ်။ အဲ့ဒီအပေါ်မှာ အခြေခံတာရယ် နောက်တစ်ချက်က  စ.ရ.ဖ  စစ်ချက်တွေအပေါ် ခြေခံပြီးတော့ ချလိုက်ခြင်းဖြစ်တယ်။ ဒါတွေကပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ ပိုဒ်ခွဲ ၁ အရ သက်သေခံမဝင်ဘူး၊ သက်သေခံကျင့်ထုံး ဥပဒေအရ ရဲအရာရှိ၊ တပ်မတော်အရာရှိ စသည်ဖြင့် သူတို့ဆီမှာ ပေးတဲ့ ပြောတဲ့ဟာတွေကသက်သေခံမဝင်ဘူး ။တရားရုံးမှာ တိုက်ရိုက်ထွက်ဆိုချက်သာ လျှင် သက်သေခံဝင်ပါတယ်။

မေး ။ ။ ခုလို အမိန့်ချဖို့ တရားသူကြီးကို တစ်ဖွဲ့ဖွဲ့က ဖိအားပေးမှုတွေ ရှိနေတယ်လို့ ပြောနေကြတဲ့ အပေါ်  ဘယ်လိုမြင် ပါသလဲ ။
ဖြေ ။ ။ ကျနော်တို့ တရားစီရင်ရေးမဏ္ဍိုင်က အားလျော့နေတော့ ။ အုပ်ချုပ်ရေး မဏ္ဍိုင်ဘက်က လွှမ်းမိုးမှုတွေရှိတယ် လို့ယူဆပါတယ် ။

မေး ။ ။ ဘယ်လိုအထောက်အထား၊ သက်သေတွေနဲ့ ဘယ်လိုအမိန့်ချလိုက်တာလဲ ။
ဖြေ ။ ။ လ ၂၀  ထဲက သုံးယောက်ကဖြောင့်ချက်ပေးတယ် ။ ကျန်တဲ့လူတွေက  စ.ရ.ဖ  စစ်ချက်ထဲမှာ ၀န်ခံတယ်လို့ စွပ်စွဲထားတဲ့တာပေါ့။  ပုဒ်မ ၅ ) ည(၊ ပုဒ်မ ၅)  ဌ( နှင့် ခုနစ်နှစ်ဆီ ပေါင်းထောင်ဒဏ် ၁၄ နှစ်စီ ၁၉  ယောက်လုံးကို ချ မှတ်လိုက်ပါတယ်။ အသက် ၁၆ နှစ်အရွယ်   လူငယ်တစ်ယောက်ပဲ တစ်ပေါင်းတည်း ခုနစ်နှစ်ကျခံစေဖို့ ချမှတ်လိုက်တယ်။

မေး ။ ။ ဒီအမှုနဲ့ပါတ်သက်ပြီး ရှေ့လျှောက်ဘယ်လိုတွေစီစဉ်သွားဖို့ရှိလဲ ။
ဖြေ ။ ။နောက်တစ်ပါတ်လောက်ဆိုရင် ပြည်နယ်လွှတ်တော်ကို အယူခံတက်ဖို့ စီစဉ်နေပါတယ်။

မေး ။ ။ ဒီအမှုနဲ့ ပါတ်သက်ပြီး ဘာများပြောကြားချင်သေးလဲ ။
ဖြေ ။ ။ ခုကျနော်တို့တိုင်းပြည်ဟာလွှတ်တော်ကို အခြေပြုပြီးသွားနေ တာဖြစ်တဲ့အတွက် ဥပဒေပြုရေး ၊အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုတာကို လွှတ်တော်ကတာဝန်ခွဲဝေထားပေမဲ့ ဗမာပြည်မှာရှိတဲ့ ရေးရာ  ၂၆ ခုဟာ တစ်လကို ဆယ်သိန်းယူထားပြီး သူတို့တာဝန်တွေ ပျက်ကွက်လို့ အုပ်ချုပ်ရေး ယန္တာရား၊ တရားစီရင်ရေး မဏ္ဍိုင်ပျော့ညံ့တာ၊ ပျက်စီးတာ ယိုယွင်းတာ တွေဟာ လွှတ်တော်မှာရှိတဲ့တရားစီရင်ရေးနဲ့ ဥပဒေရေးရာကော်မတီ တွေဘာအလုပ် မှမလုပ်တဲ့အတွက် တရားစီရင်ရေးမှာပိုပြီးတော့ ယိုယွင်းလာတာပေါ့ဗျာ။လွှတ်တော်ကလူတွေ ဘာအလုပ်မှ ဟုတ် တိပတ်တိမလုပ်တဲ့အတွက်ကြောင့် rule of law တွေကပိုကျဆင်း ပြီးမလိုလားအပ်တဲ့ပြဿနာ တွေဖြစ်လာ တယ်လို့ ယူဆတယ်။







 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates