မူစယ်မှာ ကုတင် ၁၀၀ ဆန့် ဆေးရုံကို မျှော်နေဆဲ



သို့- သျှမ်းသံတော်ဆင့် အယ်ဒီတာ

မူစယ်မြို့မှာ မြေကွက်တွေ ပျောက်နေတဲ့အကြောင်း ပြောပြချင်ပါတယ်။

 ရောင်းစားခံရ အစိုးရချပေးသော ဆေးရုံအတွက်မြေနေရာ 

ပြီးခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက မူစယ်မြို့နေလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှု  ကောင်းကောင်းမွန်မွန် ပေးနိုင်ဖို့ စစ်အစိုးရက ကုတင် ၁၀၀ ဆန့် ဆေးရုံဆောက်ဖို့ ဟိုနားရပ်ကွက် နားက မြေဧက ၁၃.၇၄၆ ဧက နဲ့ ငွေကျပ် သိန်း ၃၀၀ ချပေးခဲ့ပါတယ်။  


အဲဒီတုန်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဟန်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးမိုးဟိန်း တို့ခေတ် ဖြစ်ပါ တယ်။ ၂၀၀၇-၂၀၀၈ ခုနှစ်လောက်ကပါ။ အခုချိန်မှာ မြေနေရာနဲ့ ထောက်ပံ့ငွေတွေဟာ စာရင်း တွေထဲမှာသာ ရှိပါတယ်။ လက်တွေ့မှာ ဆေးရုံသစ်လဲ မရှိပါဘူး။ ငွေကြေးလည်း မတွေ့ရပါဘူး။ အဲဒီမြေနေရာတွေဟာလည်း အခု သိန်းသန်းချီကမ္မဏီနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ရဲ့  လက်ထဲရောက် နေတယ်လို့ သိရပါတယ်။ အခု ၅ ဧကတောင် မကျန်တော့ပါဘူး။ အခုလည်း အဲဒီမြေကွက်မှာ ဘာမှမတည်ဆောက်ရသေးပါဘူး။ မြေလွတ် ဘဲရှိနေပါသေးတယ်။


စုံစမ်းကြည့်တော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဟန်က ရောင်းပေးတာလို့ ဆိုပါတယ်။ ကျပ်သိန်း ပေါင်း ၇၀၀၀ တောင် ရသွားတယ်ဆိုဘဲ။ သူ့အတွက်လည်း မြေကွက်တွေ ရခဲ့တယ်။ ဒါပေမယ့် အဲဒီမြေကွက်တွေကို သူထပ်ရောင်းစားပြီး တခြားကို ပြောင်းသွားပါပြီ။


အခုလက်ရှိ မူစယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံအုပ် ဒေါက်တာတင်ထွန်းက မူစယ်ကို ရောက်လာတာ ၂ နှစ် ကျော်ကျော်ဘဲရှိသေးတယ်ဆိုတော့ အဲဒီငွေတွေ ဘယ်ရောက်နေလဲဆိုတာ သူမသိဘူးလို့ ဆိုပါတယ်။  နောက်ပြီးဖြစ်စဉ်အကြောင်းစုံကိုလည်း မသိရပါဘူးတဲ့။ ဒါပေမယ့် မြေတွေပြန်ရအောင်တော့ ကြိုးစားမယ်လို့ ပြောပါတယ်။


အခုလို ပဟေဠိဆန်ဆန်နဲ့ ရှုပ်ရှုပ်ထွေးထွေး ပျောက်နေတဲ့ မြေကွက်နဲ့ ငွေတွေ ပြန်မရသေးသရွေ့ တော့ မူစယ်ကလူတွေ ကုတင် ၁၀၀ ဆန့်ဆေးရုံတို့  အဆင့်မှီကျန်းမာရေးဝန်ဆောင်မှုတို့ဆိုတာ မျှော်လင့်ချက်နဲ့ဝေးနေဦးမှာဘဲ ထင်ပါရဲ့။
 

မျှော်လင့်နေရဆဲ
မူစယ်က စိုင်းဆိုင်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates