နမ္မတူမှ ကျားဖြူပါတီအလုပ်အမှုဆောင်ဟောင်း SNLD သို့ ပါတီပြောင်း



သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက သျှမ်းပြည်မြောက်ပိုင်းသို့ ရုံးခွဲများသွားရောက်ဖွင့်လှစ်ရာ နမ္မတူမှ ကျားဖြူပါတီ၏ အလုပ်အမှုဆောင်ဟောင်း (လက်ရှိ) ပြည်နယ်လွှတ်တော်အမတ်က ကျားခေါင်းပါတီသို့ပြောင်း ဝင်ကြောင်း စုံစမ်းသိရှိရသည်။

ကျားဖြူပါတီ SNDP ၏ ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးမှ SNLD ပါတီဥက္ကဌရှေ့မှောက် ပါတီဝင်လျှောက်လွှာပေးအပ်စဉ်

ဂျန္နဝါရီလ ၂၇ ရက်နေ့တွင် SNLD ပါတီဥက္ကဌကြီး ခွန်ထွန်းဦး ဦးဆောင်သည့်အဖွဲ့ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့သို့ ရုံးခွဲသွားရောက်ဖွင့်လှစ်ရာ ဒေသခံလူထု တစ်ထောင်ခန့် ကြိုဆိုခဲ့ကြောင်း၊ အဆိုပါရုံးခွဲဖွင့်ပွဲသို့ ကျားဖြူပါတီ SNDP ၏ ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးလည်း တက်ရောက်ကာ SNLD ကျားခေါင်းပါတီသို့ ပါတီဝင်ခွင့်လျှောက်လွှာကို ခွန်ထွန်းဦးရှေ့မှောက်တွင် ပေးအပ်ခဲ့ကြောင်း ရုံးခွဲဖွင့်ပွဲသို့လိုက်ပါသည့် SNLD ပါတီဝင်လူငယ်တဦးကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် သျှမ်းပြည်သူလူထု တစုတစည်းတည်းဖြစ်စေလိုသောဆန္ဒ၊ လူထုအကျိုးကို ကျယ်ပြန့်ထိ ရောက် စွာဆောင်ရွက်ပေးနိုင်ရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က လူထုထံမှ ပိုမိုထောက်ခံမှုအား ရယူနိုင် အောင်အစရှိ ရည်ရွယ်ချက်တို့အပြင် နမ္မတူမြို့ခံပြည်သူလူထု ၃၀၀၀ ကျော်၏ လက်မှတ်ရေးထိုးတိုက်တွန်းချက် ကြောင့် ပါတီပြောင်းရခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးကပြောသည်။

အဆိုပါ ပါတီပြောင်းခြင်းအခမ်းအနားတွင် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးက နမ္မတူဒေသခံနှင့် မိုင်းယင် အုပ်စု ဒေသခံတို့၏ ပါတီဝင်လျှောက်လွှာ ၁၀၀၀ ကျော်တို့ကိုလည်း SNLD ပါတီဥက္ကဌကြီးခွန်ထွန်းဦးထံသို့ ပေးအပ်ခဲ့ပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ခွန်ထွန်းဦးသည် ဂျန္နဝါရီလ ၂၅ ရက်နေ့တွင် သီပေါမြို့ရှိ ပါတိဝင်များ ဒေသခံလူထုတို့နှင့်တွေ့ဆုံခဲ့ပြီးနောက် ၂၇ ရက်နေ့က  နမ္မတူ မြို့တွင် ရုံးခွဲဖွင့်လှစ်ပေးခဲ့သည်။ SNLD ပါတီ၏ ၄၄ နေရာမြောက်ရုံးခွဲဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates