UNFC နှင့် RCSS အကြီးအကဲတွေ့ဆုံ



ပြီးခဲ့သည့်အပတ်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌနှင့် KIO ဒုဥက္ကဌ UNFC ဥက္ကဌတို့တွေ့ဆုံကြရာ အချက်အလက်တော်တော်များများကို ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

RCSS ဥက္ကဌ ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်

KIO ဒုဥက္ကဌ အဲန်ဘန်းလှ



KIO ဒုဥက္ကဌ ၊ UNFC ဥက္ကဌ  အဲန်ဘန်းလှအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီးယွက်စစ်က နွေးထွေးစွာ ကြိုဆိုစကားပြောကြရာ ဆွေးနွေးမှုအသေးစိပ် မသိရသော်လည်းနှစ်ဦး နှစ်ဘက် အချက်အလက်များစွာ သဘောတူညီမှုရရှိခဲ့ကြောင်း  RCSS အရာရှိအသိုင်းအဝိုင်းကပြောသည်။


“ကျနော်တို့က ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ် ထိုးပြီး ပြီဆိုတော့ တပြည်လုံးအပစ်ရပ်ဖို့လက်မှတ်ထိုးဖို့  အဲလောက်အရေးမကြီးဘူး။ NCA ထဲမှာ စစ် ရေးကိစ္စရပ်တွေဘဲဆိုရင်လည်း လက်မှတ်ထိုးဖို့ဝန်မလေးဘူး။ နိုင်ငံရေးကိစ္စရပ်နဲ့ ပတ်သက်လို့  နိုင်ငံရေးဆွေးနွေးပါမယ်ဆိုတဲ့အာမခံချက် လေးရှိရင် ကျနော်တို့ ကျေနပ်ပါပြီ။ နိုင်ငံရေးအစ်ရှူး  များမယ်ဆိုရင်တော့ အချိန်ယူဆွေးနွေးရမယ်။”  ဟု သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ချုပ်နှင့်တွေ့ဆုံစဉ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည် ဟုဆိုပါသည်။


 UNFC ဥက္ကဌ ဦးအဲန်ဘန်းလှသည်  ချင်းမိုင်တွင်ပြုလုပ်သော NCCT အတွင်း ဆွေးနွေးပွဲ ကျင်းပသည့်  ၁၉ ရက်နေ့တွင်ပင်  လွယ်တိုင်းလျန်းဌာနချုပ်မှ ချင်းမိုင်သို့နေ့ချင်းပြန်ခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates