ပြည်နယ်ရဲတပ်ဖွဲ့များအား ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးပညာပေး



ဖေဖော်ဝါရီ  ၂၃  ရက်နေ့တွင် တောင်ကြီးမြို့၊ သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ရဲတပ်ဖွဲ့ဝင်များအား ၂၀၁၅  ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအသိပညာပေး သင်တန်း ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။




သျှမ်းပြည်နယ်တွင် ပါတီများစွာရှိသည့်အတွက် ပါတီများအချင်းချင်း မဲဆွယ်စည်းရုံးသည့် ကာလတွင် ပြဿနာ များ ဖြစ်ပွားလာနိုင်ပြီး ကိုယ့်ပါတီ သူ့ပါတီတွေအတွက်မဲဆွယ်စည်းရုံးသည့်အခါတွင် ခြိမ်းခြောက်မှု၊အကြပ်ကိုင် မှုများ ဖြစ်ပွားလာနိုင်ကြောင်း စသည့် စိန်ခေါ်မှုများကြုံရနိုင်ဖွယ်ရှိကြောင်း ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းနိုင်က ပြောသည်။

“လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အနှောင့်အယှက်ပေးလာနိုင်မှာတွေလည်းရှိတယ်။ ဒါ့ကြောင့်  ဒီအချက် တွေကိုလည်း ကျနော်တို့ ထည့်ပြီးစဉ်းစားရမှာဖြစ်တယ်။” ဟု ၄င်းကဆက်လက်ရှင်းပြသည်။

“ရွေးကောက်ပွဲကာလတွေမှာ အဓိကကတော့ ပြည်သူတွေရဲ့လုံခြုံရေး ၊ပါတီတွေရဲ့ ယှဉ်ပြိုင်မှုမှာ နည်းလမ်း မမှန်မကန်တဲ့ စည်းရုံးလှုံ့ဆော်တဲ့နေရာမှာ အင်အားသုံးတာတို့ ၊ ခြိမ်းခြောက်တာတို့ ဖြားယောင်းတာ တို့ မဖြစ်အောင် သက်ဆိုင်ရာလုံခြုံရေးတွေ၊ CSO တွေ ပါတီတွေ နဲ့ မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ် ဆိုရင် မသမာမှုတွေလျော့ကျသွားမယ်လို့ ထင်ပါတယ် ” ဟု ခရိုင်ရွေးကောက်ပွဲကော်မရှိ ဥက္ကဌ ဦးတင်အေး မှပြောသည်။

ရွေးကောက်ပွဲလုံခြုံရေး ချိုးဖောက်ပါက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရထောင်ဒဏ် (၃) နှစ်အထိရှိပြီးငွေဒဏ် တစ်ရပ်အနေနှင့်လည်းရှိကြောင်း၊ ကိုယ်ထိလက်ရောက် ပြုမူမှုများရှိခဲ့လျင် ရဲအရေးပိုင်မှုဖြစ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေအရတည်ဆဲ ဥပဒေနှင့် အရေယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။

(USDP) အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးစင်တာမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့များကိုမူ ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေးအတွက် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးအဆင့်ရှိရဲတပ်ဖွဲ့ဝင်များအားခေါ်ပြီး ဖေဖော်ဝါရီ (၅) ရက်နေ့က အလုပ် ရုံဆွေးနွေး ပွဲပြုလုပ်ပေးခဲ့သည်ဟုသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates