ကိုးကန့်တိုက်ပွဲပါဝင်မှု စွပ်စွဲချက် ရုပ်သိမ်းပေးရန် သမ္မတထံ SSPP တောင်းဆို



သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားနေသော တိုက် ပွဲတွင် သျှမ်းပြည်တပ်မတော် SSPP/SSA ပါဝင်ပတ်သက်မှုရှိသည်ဆိုသည့် အစိုးရ၏ စွပ်စွဲ ချက်သည် မဟုတ်မှန်သောကြောင့် ရုပ်သိမ်းပေးပါရန် နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေး စာတစောင် ပို့လိုက် သည်။

SSPP/SSA မှ နိုင်ငံတော် သမ္မတထံပေးပို့သည့် အိတ်ဖွင့်ပေးစာ
ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ ရက်စွဲဖြင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံသို့ - ‘ကိုးကန့်ဒေသအတွင်းလက်နက်ကိုင်ပဋိပက္ခတွင် ၎င်းတို့ ပါဝင် ပတ်သက်ခြင်းမရှိကြောင်း၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမဖြစ်သင့် ကြောင်း၊ နိုင်ငံရေးနည်းလမ်းအရ တဦးပေါ်တဦးအပြန်အလှန်အလေးပေး တန်ဖိုးထား၍ တွေ့ဆုံ ဆွေးနွေးအဖြေရှာခြင်းသာတခုတည်းသောနည်းလမ်းဖြစ်ကြောင်း” အစရှိပါဝင်သော အချက် ၅ ချက်ပါ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့သည်။

“ကျနော်တို့ ရရှိထားတဲ့ အပစ်ခတ်ရပ်စဲရေး မပျက်ပြားစေရေးအတွက် ကျနော်တို့ အတတ် နိုင်ဆုံး ကြိုးစားပြီး ထိန်းသိမ်းနေပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမြန်ဆုံး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ကိုပဲ မျှော်လင့်တောင့်တနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီစွပ်စွဲချက်က မဟုတ်မှန်ပါဘူး။ လက် ရှိအနေ  အထားရ အစိုးရတပ်ကို ကင်းပုန်းတိုက်ခိုက်တာတွေတောင်မှ လုံးဝမရှိစေဖို့၊ မလုပ်ဖို့ ကျနော် တို့ တားမြစ်ထားတယ်။ ဒီစွပ်စွဲချက်တွေ ပြန်ရုပ်သိမ်းပေးပါလို့ သမ္မတထံ စာပေးပို့ရတာပါ ” - ဟု ပါတီအထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် က ပြောသည်။

ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ကိုးကန့်တိုက်ပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA ၊ မိုင်းလားတပ်ဖွဲ့အမည်ရ NDAA-ESS ၊ UWSA ဝ တပ်ဖွဲ့ နှင့် ပလောင်တပ်ဖွဲ့အမည်ရ TNLA တို့ ပါဝင်ပတ်သက်နေသည်ဟု နေပြည်တော်အစိုးရက ပြောသည်။

အစိုးရမှ ယခုကဲ့သို့ စွပ်စွဲပြောဆိုသည့် - ကိုးကန့်ပြဿနာသည် အချုပ်အခြာအာဏာကို ထိပါး လာနေသည်ဆိုသည့်ကိစ္စ၊ ကိုးကန့်ဒေသအား တပ်မတော်ထံ အာဏာလွှဲပေးသည့်ကိစ္စရပ်များ သည် ကျောင်းသားဆန္ဒဖေါ်ထုတ်မှု၊ မြေယာပြဿနာ နှင့် လက်ပံတောင်းပြဿနာများမှ အာရုံလွှဲလိုသော ကြောင့် ဖန်တီးလာခြင်းဖြစ်နိုင်သည်ဟု ကိုယ်ရေးအမြင်ဖြင့် စဝ်ခွန်ဆိုင် က သုံးသပ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates