SNDP ပါတီ ၄ ကြိမ်မြောက် ညီလာခံမှ ပါတီပြောင်း လွှတ်တော် အမတ်များ ခံစားခွင့်ပါသည့် ကြေငြာချက်ထုတ်ပြန်



မိခင်ပါတီမှနုတ်ထွက်ပြီး တစ်ခြားပါတီသို့ ကူးပြောင်းသွားသော လွှတ်တော်အမတ်များအား ခံစားခွင့်အသီးသီး ကိုပါ စွန့်လွှတ်သင့်ကြောင်း စတုထ္ထအကြိမ်မြောက် သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီခေါ် ကျားဖြူ ပါတီ ညီလာခံ၏ သဘောထား ကြညာချက်တွင်ပါရှိပါသည်။




ဖေဖော်ဝါရီလ ၁၈ ရက် ညီလာခံနောက်ဆုံးရက်တွင် ကြေငြာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှစ်ပတ်လည် ပါတီညီလာခံ၏သဘောထားကြေငြာချက်တွင် - ၂၀၁၅ ပါတီစုံရွေးကောက်ပွဲတွင် သျှမ်းပြည်နယ် အပါအဝင် မဲဆန္ဒနယ် ၆၃  မြို့နယ်၌ ၀င်ရောက်ယှဉ်ပြိုင်မည်။ ရွေးကောက်ပွဲအောင်ပါက  ညီနောင်တိုင်ရင်း သား ပေါင်းစုံပါဝင်သော သျှမ်းပြည်နယ်အစိုးရအဖွဲ့စည်းမည်ဟူ သည့်အချက် အပါအဝင် ပါတီမှ နုတ်ထွက်ပြီး အခြားပါတီသို့ကူးပြောင်းသွားသော လွှတ်တော်ကိုယ်စားလှယ် များသည် လွှတ်တော်၏ချီးမြှင့်ငွေ၊ အခွင့် အရေး၊ ခံစားခွင့်အသီးသီးကိုပါစွန့်လွှတ်သင့်ကြောင်း အလေးအနက် တောင်းဆိုထားသည် အစရှိအချက် များ လည်းပါဝင်သည်။

လွှတ်တော်အမတ်တဦးသည် တစ်ပါတီမှ တစ်ပါတီသို့ကူးပြောင်းသွားသည်ဖြစ်စေ၊ ပါတီမှနုတ်ထွက်သွား သည် ဖြစ်စေ လွှတ်တော်အမတ်အနေနှင့်ပါနုတ်ထွက်ရမည်ဟူသည့် ဥပဒေပြဌာန်းနိုင်ရန် တပ်မတော်သား ကိုယ်စားလှယ်များမှပြင်ဆင်နေကြကြောင်း ကျားဖြူပါတီ ကွန်ဟိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းဝါနု က ရှင်းပြသည်။

" ဒီမိုကရေစီလမ်းစဉ်ကိုသွားနေတာဖြစ်တဲ့အတွက် ဘယ်ပါတီကိုမဆိုသွားလို့ရပါတယ်။ မည်သူမဆိုရွေး ချယ် ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးကျင့်ဝတ်အရ ပါတီကို အရိုအသေတန်မဲ့ အသရေဖျက်မဲ့စကားတွေ မပြောသင့်ပါဘူး"  ဟုပြောသည်။

ထုတ်ပြန်ကြေငြာချက်တွင်မျိုးဆက်သစ်လူငယ်များအား ခြိမ်းခြောက်၊ ဖျက်ဆီးနေသောမူးယစ်ဆေး အန္တရာယ် ကာကွယ်တားဆီး တိုက်ဖျက် ရေးအတွက်အဖွဲ့အစည်းအသီးသီး နှင့်လက်တွဲဆောင်ရွက်သွားမည်ဟု ဆိုပါသည်။

လက်ရှိတွင် (SNDP) ကျားဖြူပါတီမှ (SNLD) ကျားခေါင်းပါတီ သို့ ကူးပြောင်းသွားသောလွှတ်တော် အမတ် (၁၄)ဦးရှိပြီဖြစ်ကြောင်း ကျားခေါင်းပါတီမှ အတည်ပြုထားသည်။

စတုထ္ထအကြိမ်မြောက်ကျားဖြူပါတီ ညီလာခံကိုဖေဖော်ဝါရီလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ တောင်ကြီးမြို့ ကိုးကန့်ခန်းမတွင်ကျင်းပခဲ့သည်။ ညီလာခံ ဖွင့်ပွဲနှင့်ပိတ်ပွဲကို သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဌ ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်က တက်ရောက် အားပေး ခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates