၂၀၁၆ နှစ်ဦးပိုင်းအထိ သျှမ်းပြည်ညီညွှတ်ရေးအတွက် ဒု ဗခက ယွက်စစ် ဦးဆောင်သွားမည်



သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ နှစ်ပတ်လည်အစည်းအဝေးကို ထိုင်းနယ်စပ် တနေရာတွင် ကျင်းပရာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် အား ခေါင်းဆောင်အဖြစ် တနှစ်တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

CSSU ၏အထွေထွေအတွင်းရေးမှူးဆရာစဝ်ပင်ခမ်း

သျှမ်းပြည်ညီညွတ်ရေးကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ မှ ၂၇ ရက်အထိ   သုံးရက်ကြာကျင်းပခဲ့ပါသည်။

“ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကို တနှစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တယ်။ လုပ်ငန်းကွင်း ဆင်း လုပ်ကိုင်ဖို့ကိုတော့ အထွေထွေအတွင်းရေးမှူး အဖြစ် ကျနော်  စဝ်ပင်ခမ်းကို ရွေးချယ် တယ်။ မနှစ်က ဘန်ကောက်ထိပ်သီးအစည်းအဝေးသဘော တူညီချက်အရပေါ့။ အချက် အလက် တော်တော်များများကိုဆွေးနွေးသဘောတူနိုင်ခဲ့ပါတယ်” ဟု ဆရာစဝ်ပင်ခမ်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက် စစ်၊ SNDP ကျားဖြူပါတီမှ စောသန်းမြင့် ၊ စိုင်းအောင်မြင့်ခိုင်၊ သျှမ်းပြည်ပူးပေါင်းဆောင် ရွက် ရေးကော်မတီ SSJAC မှ SNLD ဥက္ကဌ ခွန်ထွန်းဦး နှင့် SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်၊ စိုင်းဖုန်းဟန် ၊ စိုင်းမွန်းလျန်း ၊ စိုင်းရွှေကြူး အစရှိအကြီးအကဲများ နှင့် အတူ သျှမ်းလူမှုအသိုင်း အဝိုင်းမှပုဂ္ဂိုလ်များ၊ ပညာရှင်အဆင့်ပုဂ္ဂိုလ်များတက်ရောက်ခဲ့ ကြ သည်။

“ဒီနှစ်အတွက်တော့ သျှမ်းပြည်လူထုကနေ သျှမ်းပြည်ညီညွတ်ရေးကော်မတီကို ပိုမိုသိရှိနား လည်လာအောင် တာဝန်ရှိပုဂ္ဂိုလ်တွေကနေ သွားပြီးကွင်းဆင်းရှင်းပြပါမယ်” ဟု စဝ်ပင်ခမ်း ကပြောသည်။

အစည်းအဝေးသို့တက်ရောက်သည့် အဖွဲ့အစည်းကြီး ၃ ဖွဲ့ရှိပြီး အဖွဲ့အစည်းအသေး  ၅ ဖွဲ့ရှိ ကြောင်း သိရပါသည်။

သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ကို ၂၀၁၃ အောက်တိုဘာလ ၁၅ ရက်နေ့၌ SNLD၊ SNDP၊ RCSS/SSA ၊ SSPP/SSA နှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်းပြီး ဖွဲ့စည်းထူထောင်ခဲ့ သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates