ကျိုင်းတုံမြို့နယ် အတွင်း အစိုးရ သံချပ်ကာကားများလှည့်ပတ်



ကျိုင်းတုံမြို့နယ် အတွင်း အစိုးရ၏ သံချပ်ကာကားများ တင့်ကားများ သုံးနာရီကျော်ကြာ မြို့ အတွင်းလှည့်လည် ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကျိုင်းတုံမြို့တွင်းဖြတ်သန်းသည့် အစိုးရ၏ သံချပ်ကာကား

မတ်ခ်ျ ၁၈ ရက် နံနက် ၉ နာရီ မှ  မွန်းတည့်ချိန်အထိ အစိုးရ တင့်ကားများ၊ သံချပ်ကာကားများ စစ်ယာဉ်တန်းများ ထိုသို့  လှည့်လည်သွားလာနေသောကြောင့် တိုက်ပွဲဖြစ်ပွားလာ မည်ကို ကျိုင်းတုံဒေသခံများက စိုးရိမ်လျက်ရှိကြောင်း စိုင်းကျောက် ဤကဲ့သို့ပြောသည်။

“တင့်ကား နဲ့ သံချပ်ကား အစီး ၃၀ ကျော်တယ်။ သွားသွားလာလာနဲ့ ဘာလုပ်တာလဲမသိဘူး။ သူပုန်တွေ မြို့ကို ဝင်စီးမလားထင်ရတယ်။ ကလေးတွေကျတော့  လိုက်ပြေးကြည့်ကြတာပေါ့။  သတင်း နားထောင်တဲ့သူတွေကျတော့ တိုက်ပွဲများ ဖြစ်မလား၊ မိုင်းလား ကိုပဲ တကယ်သွားတိုက်တော့မလား ပေါ့” - ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

မတ်ခ်ျလ ၄ ရက်နေ့ကလည်း သံချပ်ကာကား ၁၀ စီးကျော်သည် ၁၂၀ မမ အမြောက်ကြီးများတင်ဆောင်သော စစ်ယာဉ်တန်းနှင့်အတူ အထူးဒေသ ၄  မိုင်းလားနယ်မြေ အနီးသို့ ပို့ဆောင်စဉ် လုံခြုံရေး ယူပေးခဲ့သေးသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates