ကိုးကန့် ဒေသ အတွင်း တိုက်ပွဲ ပြင်းထန်ဆဲ အစိုးရ တပ်မတော် အများအပြား သေ



သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ အတွင်း မြန်မာအစိုးရတပ်မတော် နှင့် ဖုန်ကြားရှင်းတို့ ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ တို့ အကြားတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် အစိုးရတပ်မတော်ဘက် ထိခိုက်ကျဆုံးမှု များပြားသည်ဟု ဆိုသည်။

 ကျရှုံးမြန်မာစစ်သားများနှင့် ကိုးကန့်တပ်မှသိမ်းဆည်းခံရ ပစ္စည်းများ (Photo: 
http://blog.sina.cn )

မတ်ခ်ျ ၁၆ ရက်နေ့ မှစ၍ ယနေ့အထိ အစိုးရတပ်မတော် တပ်မ ၆၆ ၊ ၁၁ နှင့် ဖုန်ကြားရှင်း ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲများ အပြင်းအထန်ဆက်တိုက်ဖြစ်ပွားနေသေးသည်ဟု ဆိုသည်။

“ကျနော်တို့က ခံစစ်။ တက်လာတော့ပစ်ခတ်ခံရတယ်။ တိုက်ပွဲသဘောသဘာဝဘဲ။ အခု ထပ်လာ တာက တပ်မ ၆၆။ သူတို့နဲ့ဖြစ်နေတာ ၃ - ၄ ရက်ရှိပြီ။ သတင်းစာမျက်နှာ ပျံ့နေတဲ့ ဓါတ်ပုံတွေက တပ်မ ၁၁ ရဲ့ပုံတွေ။ အဲဒါက လောက်ကိုင် ပတ်ဝန်းကျင်မှာ ဖြစ်တဲ့တိုက်ပွဲတွေ” - ဟု MNDAA ပြောရေးဆိုခွင့် ထွန်းမြတ်လင်းကပြောသည်။

တပ်မ ၁၁ လက်အောက်ခံ ရဲဘော် ကေဒါ စစ်သည်များ သေကြေဒဏ်ရာရရှိမှု ၁၅၀ ကျော်ရှိကြောင်း၊ အစိုးရတပ်မတော်များထံမှ လက်နက်နှင့် စစ်သည်အလောင်း အများအပြား ရရှိခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့က ပြောသည်။

အဆိုပါသေဆုံးမှုများ သီးခြားအတည်ပြုချက်မရသေးသော်လည်း အစိုးရတပ်မတော်ဘက် ကျဆုံးမှုများအား http://blog.sina.cn  တရုတ်ဘာသာ   ဘလောက်သတင်းစာမျက်နှာတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

တနင်္လာနေ့ အစိုးရ ထုတ်ပြန်ကြေငြာချက်တွင်မူ ကုန်းကြမ်းမြို့နယ် တိုက်ပွဲ၌ အစိုးရ တပ်ဘက် ၃ ဦး ကျဆုံးပြီး ၄ ဦးဒဏ်ရာရှိသည်ဟု ဆိုသည်။ ဖေဖေါ်ဝါရီ ၉ ရက်နေ့ စတင်လာသည့် ကိုးကန့်တိုက်ပွဲသည် တလကျော်ပြီဖြစ်သော်လည်း တိုက်ပွဲအဆုံးသတ်နိုင်ခြင်းမရှိသေးပေ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates