တတိယအကြိမ်တိုင်းရင်းမီဒီယာ ညီလာခံ ချင်းပြည်နယ် ဟားခါး၌ ၃ ရက်တိုင်တိုင်ကျင်းပ



ဟားခါး(စိုင်းလုံ)။       ။တတိယအကြိမ်တိုင်းရင်းမီဒီယာ ညီလာခံအား ချင်းပြည်နယ်ဟားခါးမြို့ ၌  မတ်ခ်ျ ၁၈ - ၂၀  ရက်နေ့အထိ သုံးရက် ဆက်တိုက် ကျင်းပပါသည်။









ဟားခါးမြို့ CARSON HALL ခန်းမ၌ ကျင်းပသည့်  တိုင်းရင်းမီဒီယာညီလာခံ အား နိုင်ငံတကာမြန်မာသတင်း BNI နှင့် ချင်းပြည်နယ် ဒေသခံသတင်းဌာနများဖြစ်ကြသည့် Chin world နှင့် Khonumthung မီဒီယာအဖွဲ့တို့ မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

အခမ်းအနား၌ ချင်းပြည်နယ်ဝန်ကြီးဦးဟုန်ငိုင်း၊ ပြည်ထောင်စုပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေး၊  ချင်းအမျိုးသားတပ်ဦး အတွင်းရေးမှူး ဒေါက်တာရွှေခါး၊ မန္တလေးမြို့မှ သတင်းစာ ဆရာကြီးများ နှင့် အရပ်ဖက်လူထုအဖွဲ့ အစည်းများ တက်ရောက်ကြသည်။

အခမ်းအနား၌ BNI ဘုတ်ဒါရိုက်တာ နန်းဖော့ဂေ က ညီလာခံကျင်းပရခြင်းရည်ရွယ်ချက်နှင့် BNI အဖွဲ့ အကြောင်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ်က သတင်းမီဒီယာဥပဒေနှင့်ဒီမိုကရေစီအကြောင်း၊ ပြန်ကြားရေးဝန်ကြီးက မြန်မာနိုင်ငံအတွင်းမှခွင့်ပြုထားသော သတင်းစာစောင်များအကြောင်းနှင့် ထုတ်ဝေခွင့် လိုင်စင်များအကြောင်း၊ ချင်းအမျိုးသားတပ်ဦး အတွင်းရေးမှူး ဒေါက်တာရွှေခါး က ချင်းအမျိုးသားတပ်ဦးနှင့် မြန်မာ့ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုစဉ်က ချင်းပြည်နယ်အတွင်းရှိ မီဒီယာ လွှတ်လပ်ခွင့်အကြောင်း အသီးသီးပြောကြားကြသည်။

တတိယအကြိမ်တိုင်းရင်းမီဒီယာညီလာခံတွင် BNI အဖွဲ့ဝင် သတင်းဌာန (၁၃) ဖွဲ့အပြင်  အခြား သော ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့များ၊ တိုင်းရင်းသားမီဒီယာအဖွဲ့များနှင့် အစိုးရပိုင်သတင်းဌာန ဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV နှင့် ပြည်ထောင်စု ရုပ်သံလိုင်း NRC တို့လည်း တက်ရောက်သည်။

ပထမအကြိမ်တိုင်းရင်းမီဒီယာညီလာခံအား ၂၀၁၃ ခုနှစ်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ဒုတိယအကြိမ် ကိုမူ ၂၀၁၄ ခုနှစ် သျှမ်းပြည်နယ် တောင်ကြီးမြို့တွင်ကျင်းပခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates