ရည်းစားစာအပေးခံရတဲ့ ကျောင်းသူကို အဆောင်မှူးက ရိုက်နှက်တဲ့အပေါ် မိသားစုကျေနပ်တဲ့အထိဖြေရှင်းပေးရန်တောင်းဆိုခြင်း



သို့-သျှမ်းသံတော်ဆင့်

တောင်ကြီးမြို့ အ.ထ.က (၄) တက္ကသိုလ်ဝင်တန်း မှာ ပညာသင်ယူနေတဲ့ ညီမငယ်ေ ကျာင်း သူတစ်ဦး ရည်းစားစာပေးခံရတယ်ဆိုပြီး သူမရဲ့အဆောင်မှူးက သူမ ကို ခြေလွန် လက်လွန် ရိုက်နှက်ဆုံးမတဲ့အပေါ် မိသားစုက ကျေနပ်တဲ့ အထိ ဖြေရှင်းပေးဖို့ သျှမ်းသံတော်ဆင့်ကနေတဆင့် အဆောင်မှူးကို တောင်းဆိုလိုက်ပါ တယ်။

ဓါတ်ပုံ- ရိုက်နှက်ဆံပင်ဖြတ်ခံရတဲ့ ညီမလေး

ရည်းစားစာလေးအပေးခံရတာကို အသားကြေ အောင်ရိုက်နက်ဆုံးမ ခံရတဲ့အပြင် ခါးလောက် ရှည်လျားသော ဆံပင်ကိုပါ ဂုတ်နားအထိ ညှပ်ပစ် လိုက်တာဟာ ပြသနာရဲ့ထွက်ပေါက်မဟုတ်ပါဘူး။ ဒီပြသနာကိုဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။

အပြစ်ပေးခံရတဲ့ ကျနော်တို့ရဲ့ညီမလေးဟာ ၁၆ နှစ်အရွယ်သာရှိပါတယ်။ ကိုးတန်း ကျောင်းသူဖြစ်ပါတယ်။ တာချီလိတ်မြို့ကနေ တောင်ကြီးမြို့တက် ပညာ ဆည်းပူးနေ တာပါ။

အဆောင်မှူးစိတ်နဲနဲမှ မရှိတဲ့အဲဒီ အဆောင်ဟာ တောင်ကြီးမြို့၊ ရေအေး ကွင်းရပ် ၊ကမ္ဘောဇ လမ်း က ကိုယ်ပိုင်သင်တန်းကျောင်း ဘော်ဒါေ ဆာင်ဖြစ်ပါတယ်။

အဆောင်မှူးဟာ ညီမလေးကို ကြိမ်လုံးနဲ့ အချက်(၃၀) ရိုက်နှက်ခဲ့ပြီး ၊ ကျောင်းသူ/ သား များရှေ့မှာ ထိုင်ထအခါ (၂၀၀) ဒဏ်ပေးဆုံးမခဲ့တယ်လို့ ညီမလေးကပြန် လည် ပြောပြပါတယ်။ အဲဒီနောက် ခါးလောက်ရှည်လျားတဲ့ ညီမလေးရဲ့ ဆံပင်ကို ဂုတ်နားထိ အဆောင်မှူးက ညှပ်ပစ်လိုက်ပါတယ် ။

ညီမလေးကပြောပါတယ်။ သမီး ရှက်လည်းရှက်တယ်၊ ဆရာကိုစိတ်လည်းနာတယ် ၊ သမီးဆံပင်ကိုလည်းနှမြောတယ် - တဲ့။

အခင်းဖြစ်ပွါးတာကတော့ ဂျန္နဝါရီလ တုန်းကဖြစ်ပါတယ်။ ညီမလေးရဲ့ေ မမေက အဲ့ဒီသတင်းကြားမိတော့ စိတ်ထိခိုက်ရတာမှန်ပေမယ့် စာမေး ပွဲဖြေဆိုချိန်နဲ့ နီးနေတော့ ဘာမှ မတတ်နိုင်ပါဘူး။ ဒါပေမယ့် အခုစာမေးပွဲပြီးပြီ ဆိုတော့ တခုခုစီစဉ်ရလိမ့်မယ်လို့ ပြောနေပါတယ်။ အဆောင်မှူး ကနေ ကျေ နပ်အောင် တခုခု မဆောင်ရွက်ပေးရင်တော့ ဒီအဆောင် အကြောင်းနဲ့ ဒီအေ ဆာင်မှူးအကြောင်းကို အနယ်နယ်အရပ်ရပ် က ကျောင်းသားမိဘတွေ သိအောင် ဖော်ပြရမယ် လို့ ညီမလေး မေမေ ကပြောပါတယ်။

ဒီဖြစ်စဉ်တွေကို ဂရုမစိုက်ဘဲ လျစ်လျူရှုနေရင်တော့ တရားစွဲအရေးယူ တဲ့ အဆင့် အထိ လုပ်ရဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။အဆောင်နေ ခ အဖြစ် ၈ တန်းသမားတွေအတွက် တနှစ် ၁၅ သိန်း၊ ၉ တန်းသမား တွေ အတွက် တနှစ် သိန်းနှစ်ဆယ် နဲ့ ၁၀ တန်းသမားတွေကို တနှစ် ၂၅ သိန်း ပေးရပါတ ယ်။ အဲဒီအဆောင်ခတွေအပြင် အဝတ်အစား ဖိုး ကျောင်းအပ်ခ စတာတွေအတွက် လည်း ကျပ်သိန်းချီထပ်ပြီးေ ပး ဆောင်ခဲ့ရပါတယ်။

ညီမလေးရဲ့မေမေကတော့ - အဆောင်ခ အကြွေး လည်း မရှိတော့ဘူး ဆိုတော့ လုပ်သင့်တာတွေတော့ ဆက်လုပ်သွားရ လိမ့်မယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့ပေါ်မှာ ကိုယ်ပိုင်သင်တန်းကျောင်းဘော်ဒါဆောင် ငါးဆယ် ကျော် ရှိပြီး ရှမ်းပြည်နယ်ရှိ ဒေသအသီးသီးမှ ကျောင်းသူ/သား အများစုလာရောက် နေထိုင်ခဲ့ကြပါတယ်။

ဆရာက တပည့်ကိုဆုံးမတာကိုလက်ခံပါတယ်။ ဒါပေမယ့် ခြေလွန်လက်လွန်တဲ့အထိ ဆုံးမ တာတော့ လက်မခံနိုင်ပါဘူး။

တာချီလိတ်က
စိုင်းမီး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates